
ချစ်သူနဲ့ဝေးတဲ့နေရာဆိုတာ
လုံခြုံနွေးထွေးမှု
ကင်းမဲ့တတ်မှန်းသိပေမယ့်
ထာဝရပေါင်းဆည်းနိုင်ဖို့ခဏတော့
ချစ်သူနဲ့ခွဲရဦးမှာပဲ....
ဒါပေမယ့်..
အဲဒီ ခဏ ဆိုတဲ့စကားလေးကိုပဲ
အကြိမ်ကြိမ်မျိုချရင်း
ချစ်သူကိုလွမ်းနေခဲ့တာ
ရက်တွေတောင်
အတော်ညောင်းသွားပြီ...
အချစ်ဆိုတဲ့အဓိပါယ်ကို
နားမလည်နိုင်သေးခင်
ချစ်သူနဲ့ဝေးရာအရပ်ကိုထွက်သွား
ငှက်တစ်ကောင်ရဲ့ ဘ၀ဟာ
ဘာတွေနဲ့အစားထိုးပြီး
ဘယ်အရပ်ဒေသမှာ
ပျော်ရွှင်နိုင်မှာလဲ...
ဒုက်ခ နဲ့တစ်ခါကြုံတိုင်း
ချစ်သူရဲ့လက်ကိုတစ်ခါကိုင်ပါရစေ
ဝမ်းနည်းမှုနဲ့တစ်ကြိမ်ကြုံတိုင်
ချစ်သူရဲ့အားပေးစကားကို
တစ်ကြိမ်ကြားပါရစေ
မောပမ်းမှုတွေရှိခဲ့လေတိုင်း
ချစ်သူရင်ခွင်ထဲ ခိုနားပါရစေ
လူတိုင်းက
သိန်းထီးပေါက်ဖို့ဆုတောင်းနေချိ
ကိုယ်ကတော့
ချစ်သူရဲ့ နွေးထွေးအားပေးမှုကိုပဲ
တောင့်တနေခဲ့တယ်..
အသိုက်နဲ့ဝေးတဲ့ဘ၀ဖေါ်တွေရဲ့
ပူဆွေး လွမ်းမှုတွေကို
နှစ်သိမ့်ပေးချင်ပေမယ့်
ကိုယ်ကိုယ်တိုင်းကလည်း
ငိုကြွေးနေခဲ့တာ...
ချစ်သူနဲ့နီးဖို့ကြိုးစားတိုင်း
လိုအပ်မှုတွေက
တားဆီးတတ်လွန်းလို့
အမြဲတမ်းလိုအပ်နေတဲ့ လောကကြီးကိုလည်း
စိက်နာချင်တယ်...
သက်ကရာဇ်တွေစားသုံးပြီး
(24)နှစ်ထဲရောက်လာတဲ့အချိန်မှာ
ရင့်ကျက်ပြီလို့ထင်ခဲ့ပေမယ့်
တကယ်တမ်းတော့
ချစ်သူကိုလွမ်းတဲ့စိက်ကြောင့်
အိပ်ဖို့တောင်
မစွမ်းဆောင်နိုင်ဘူးချစ်သူ....
ဘယ်အချိန်ဘယ်ကာလမှ
ပြည့်ဝမယ်မှန်း မသိတဲ့
"ရည်မှန်းချက် "ဆိုတာကြီးကို
ခေါင်းရွက်ပြီး
ချစ်သူရဲ့နွေးထွေးမှု မရှိတဲ့အရပ်မှာ
ဘယ်လောက်ကြာအောင်
ဝမ်းနည်းအထီးကျန်မှုတွေနဲ့
ပေါင်းသင်းနေရဦးမှာလဲ...
ဟိုး တစ်ချိန်က
ကောင်းကင်ကြီး
အထီးမကျန်စေချင်တဲ့ဆန်ဒနဲ့
ကြယ်ကလေးတွေမကြွေဖို့
ဆုတောင်းပေးခဲ့တဲ့ငါ့အတွက်
အခု..ဘယ်သူတွေ ဆုတောင်းပေးကြမှာလဲ
ချစ်သူရယ်..
ဆန်ဒ နဲ့ ဘဝ
တစ်ထပ်တည်းမကျတဲ့ဘ၀မှာ
ဖြစ်ချင်တာတွေ
ဖြစ်ခွင့်မရခဲ့ပေမယ့်
ရည်မှန်းချက်တွေပြည့်စုံအောင်
ကြိုးစားရင်း
အသက်ရှင်နေသမျှတော့
မျှော်လင့်ချက်တွေကို တောင်ပံတပ်လို့
ချစ်သူရှိရာအရပ်ကို
အမြဲတမ်း ပျံသန်းဖို့
ကြိုးစားနေမှာပါ..