ချစ်ကြတယ် ဆိုပေမဲ့
အရာရာကို လိုက်လျော အရှုံးပေးခဲ့ရတာ
ကျွန်မပါပဲ
အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတာ
ကြားဖူးပေမဲ့
ချစ်လွန်းလို့ သူ့စိတ်အငြို မခံ
အမျက်မထွက်ရက်တာ
ကျွန်မပါ
မျှော်လင့်တာတွေ သူ့ဆီကမရတဲ့အခါ
ဖြေတွေးလေးတွေနဲ့ မွေ့ရတာလဲ
ကျွန်မပါပဲ
သူစိတ်ချမ်းသာဖို့ သာရည်ရွယ်
အကောင်းဆုံးတွေသာ ပေးချင်တာ
သူ့ကိုချစ်တဲ့
ကျွန်မနှလုံးသားတစုံကြောင့်ပါပဲ
အမြဲတမ်းလဲ ပြောချင်နေတဲ့စကားက
ကို့ကိုကျွန်မအရမ်းချစ်တယ်ပါ
Monday, June 21, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment