မြင်လှည့်ပါမင်းရဲ့ အနီးဆုံးမှာရှိတဲ့ငါ့ကိုလေ
ပြောလှည့်ပါမင်းဘ၀မှာ ရင်ဖွင့်စရာကြုံလာတဲ့အခါ
ခေါ်လှည့်ပါငါ့အကူညီကို လိုအပ်တဲ့အခါထားခဲ့ပါ
ငါ့ထက်ပေးဆပ်နိုင်သူကို မင်းတွေ့သွားတဲ့အခါ။
Monday, June 21, 2010
Subscribe to:
Post Comments (Atom)
“““ မနက်ဖြန်မှ ”””
ReplyDeleteတစ်ခါက ဦးကြီးတစ်ယောက်ဟာ ဘုရားဖူးဖို့ မြို့ကိုတက်လာသတဲ့..
ဘုရားဖူးပြီးတဲ့အခါ ထမင်းဆာတာနဲ့ ထမင်းဆိုင်တစ်ဆိုင်ထဲ ၀င်သွားတယ်..
“““ ကမ္ဘာရှားထမင်းဆိုင် ”””
ပြီးတော့...
““ ဟေ့ .. မောင်ရင် ထမင်းတစ်ပွဲဘယ်လောက်လဲ ””
“တစ်ရာ”
““ဒါဆို အ၀စားဘယ်လောက်လဲ””
“နှစ်ရာပါ”
““ အေး..အေး အ၀စားပွဲပြင်လိုက်””
ထမင်းပွဲရောက်လာတဲ့အခါ ဆာဆာနဲ့ တအားကျုံးစားတော့သတဲ့..
စားကောင်းကောင်းနဲ့စားလိုက်တာ ဘေးမှာ ပန်းကန်တွေတစ်ထပ်ကြီးဖြစ်နေ တော့တယ်..
ထမင်းဆိုင်က လူတွေ အံ့သြလန့်ဖျပ်ကုန်သတဲ့..
“ဟိုက်..စားလှချည်လား”
နောက်ဆုံးတော့ မဖြစ်ချေဘူးဆိုပြီး..
“ဘကြီး.ထမင်းဟင်းတွေကုန်ပါပြီ”
“ဟောဒီမှာ ထမင်းအိုးဟင်းအိုးတွေ မယုံရင်ကြည့်ပါဘကြီး” ဆိုပြီး ထုတ်ပြလိုက်လေသည်..
ဒီအခါ ဦးကြီး ပြန်ပြောလိုက်တာက..
““ အေး..ဒါဆိုလည်း နောက်နေ့မှ လာပြီးဆက်စားမယ်ကွာ..””