THOUSANDS OF FREE BLOGGER TEMPLATES

Sunday, June 27, 2010

အလွမ်းငှက်


ချစ်သူနဲ့ဝေးတဲ့နေရာဆိုတာ

လုံခြုံနွေးထွေးမှု

ကင်းမဲ့တတ်မှန်းသိပေမယ့်

ထာဝရပေါင်းဆည်းနိုင်ဖို့ခဏတော့

ချစ်သူနဲ့ခွဲရဦးမှာပဲ....

ဒါပေမယ့်..

အဲဒီ ခဏ ဆိုတဲ့စကားလေးကိုပဲ

အကြိမ်ကြိမ်မျိုချရင်း

ချစ်သူကိုလွမ်းနေခဲ့တာ

ရက်တွေတောင်

အတော်ညောင်းသွားပြီ...

အချစ်ဆိုတဲ့အဓိပါယ်ကို

နားမလည်နိုင်သေးခင်

ချစ်သူနဲ့ဝေးရာအရပ်ကိုထွက်သွားရတဲ့

ငှက်တစ်ကောင်ရဲ့ ဘ၀ဟာ

ဘာတွေနဲ့အစားထိုးပြီး

ဘယ်အရပ်ဒေသမှာ

ပျော်ရွှင်နိုင်မှာလဲ...


ဒုက်ခ နဲ့တစ်ခါကြုံတိုင်း

ချစ်သူရဲ့လက်ကိုတစ်ခါကိုင်ပါရစေ

ဝမ်းနည်းမှုနဲ့တစ်ကြိမ်ကြုံတိုင်

ချစ်သူရဲ့အားပေးစကားကို

တစ်ကြိမ်ကြားပါရစေ

မောပမ်းမှုတွေရှိခဲ့လေတိုင်း

ချစ်သူရင်ခွင်ထဲ ခိုနားပါရစေ

လူတိုင်းက

သိန်းထီးပေါက်ဖို့ဆုတောင်းနေချိန်မှာ

ကိုယ်ကတော့

ချစ်သူရဲ့ နွေးထွေးအားပေးမှုကိုပဲ

တောင့်တနေခဲ့တယ်..

အသိုက်နဲ့ဝေးတဲ့ဘ၀ဖေါ်တွေရဲ့

ပူဆွေး လွမ်းမှုတွေကို

နှစ်သိမ့်ပေးချင်ပေမယ့်

ကိုယ်ကိုယ်တိုင်းကလည်း

ငိုကြွေးနေခဲ့တာ...

ချစ်သူနဲ့နီးဖို့ကြိုးစားတိုင်း

လိုအပ်မှုတွေက

တားဆီးတတ်လွန်းလို့

အမြဲတမ်းလိုအပ်နေတဲ့ လောကကြီးကိုလည်း

စိက်နာချင်တယ်...

သက်ကရာဇ်တွေစားသုံးပြီး

(24)နှစ်ထဲရောက်လာတဲ့အချိန်မှာ

ရင့်ကျက်ပြီလို့ထင်ခဲ့ပေမယ့်

တကယ်တမ်းတော့

ချစ်သူကိုလွမ်းတဲ့စိက်ကြောင့်

အိပ်ဖို့တောင်

မစွမ်းဆောင်နိုင်ဘူးချစ်သူ....

ဘယ်အချိန်ဘယ်ကာလမှ

ပြည့်ဝမယ်မှန်း မသိတဲ့

"ရည်မှန်းချက် "ဆိုတာကြီးကို

ခေါင်းရွက်ပြီး

ချစ်သူရဲ့နွေးထွေးမှု မရှိတဲ့အရပ်မှာ

ဘယ်လောက်ကြာအောင်

ဝမ်းနည်းအထီးကျန်မှုတွေနဲ့

ပေါင်းသင်းနေရဦးမှာလဲ...

ဟိုး  တစ်ချိန်က

ကောင်းကင်ကြီး

အထီးမကျန်စေချင်တဲ့ဆန်ဒနဲ့

ကြယ်ကလေးတွေမကြွေဖို့

ဆုတောင်းပေးခဲ့တဲ့ငါ့အတွက်

အခု..ဘယ်သူတွေ ဆုတောင်းပေးကြမှာလဲ

ချစ်သူရယ်..

ဆန်ဒ နဲ့ ဘဝ

တစ်ထပ်တည်းမကျတဲ့ဘ၀မှာ

ဖြစ်ချင်တာတွေ

ဖြစ်ခွင့်မရခဲ့ပေမယ့်

ရည်မှန်းချက်တွေပြည့်စုံအောင်

ကြိုးစားရင်း

အသက်ရှင်နေသမျှတော့

မျှော်လင့်ချက်တွေကို တောင်ပံတပ်လို့

ချစ်သူရှိရာအရပ်ကို

အမြဲတမ်း ပျံသန်းဖို့

ကြိုးစားနေမှာပါ..

Shining friends



 
A little faith brightens a rainy day
life is difficult u can't go away
don't hide yourselves in the corner
u have my place to stay

sorrow is gonna say good-bye
open ups  you'll see the happy sunshine
keep going on with your dream
chasing tomorrow's sunrise
the spirit can never die

sun will shine my friend
won't let u cry my dear
seeing u shed a tear
make my world disappear
you'll never be alone in darkness

see my smile my friend
we are with u holding hands
u have got  to believe
u are my destiny
we've meant to be your friends
that's what a friend should be

အသိစိတ်တို့က သတိပေးလွန်းနေတယ်...............တခုခုပြောင်းလဲသွားမှာ ကိုယ်စိုးတယ်

အနမ်း


အကြင်နာ အနမ်း...............

ရင်မှာလွမ်း....................

သခင်ကြင်မှ ရင်ခုန်ရမဲ့အနမ်း...........

မျှော်သူ့ ရင်မှာ နွမ်း...............

ဝေးဝေးကပဲ.............

နှလုံးသားကို ခြေနင်း
အသည်းကို ခြေမွသွားတာတောင်
ချစ်မြဲ ချစ်ဆဲမို့
ခံစားရခက် နာကျင်လွန်းလှလို့
အနားကိုလှမ်းဖို့ မ၀ံ့ရဲ
ဝေးဝေးကပဲ ချစ်နေ လွမ်းနေတော့မယ်
ချစ်သူ

Tuesday, June 22, 2010

Burmese Song: Pyaw Thaw Set (Sai Sai Kham Hlaing)

သင်သူ့ကိုတစ်ကယ်ချစ်တယ်ဆိုရင်...


၁။ သူ့ဘ၀ထဲကို မျက်နှာဖုံးချွတ်ပြီးမှ ၀င်ပါ။

၂။ သူ၏ အားနည်းချက်ကို လူရှေ့မှာ မဖော်မိအောင်ကြိုးစားပါ။

၃။ သူ၏ လိုအပ်ချက်ကို အလိုက်တသိ ဖြည့်ဆည်းပေးပါ။

၎။ သူ့ကို အထင်သေးတဲ့ မျက်လုံးနဲ့ မကြည့်မိပါစေနဲ့။ ( ယုံကြည်မှု ပေးထားလိုက်ပါ)

၅။ သူ့ကို အပြစ်စကားတွေ မပြောပါနဲ့။ လျော့နိုင်သလောက် လျော့ပြောပါ။

၆။ ပွင့်လင်းမှုတွေနဲ့အတူ လေးလေးစားစား ဆက်ဆံပါ။

၇။ အကောင်းမြင်အကြည့်နဲ့ ကြည့်တက်ပါစေ။

၈။ သူ့အပ်ါကို တန်ဖိုးထားပါ။

၉။ အနိုင်ယူတက်တဲ့စိတ်နေရာမှာ ကိုယ်ချင်းစာစိတ်ကို အစားထိုးပါ။

၁၀။ သူ့အတွက် အချိန်ပေးပါ။

၁၁။ သဘောထားကြီးပါ။

၁၂။ သူနှင့်ပတ်သက်တဲ့အမှတ်တရနေ့တွေကို မမေ့မပျောက်အောင် မှတ်သားပါ။

၁၃။ သူစကားပြောတဲ့အခါ အလေးအနက်နားထောင်ပေးသင့်ပါတယ်။

၁၄။ ချစ်စကားကြိုက်စကားပြောနေရင်း ချီးကျူးစကားများကို ထည့်သွင်းပြောဆိုပါ။

၁၅။ သူ့၏ ချို့ယွင်းချက်များကို ပြုပြင်ပေးတက်သူဖြစ်ပါစေ။

၁၆။ မိမိရဲ့ အားနည်းချက်တွေကို သူသိအောင် ကြိုတင်ပြောပြထားပါ။

၁၇။ လူပုံအလယ်ကို ရဲရဲဝံ့ဝံ့ ခေါ်သွားပြီး မိတ်ဆက်ရဲပါစေ။

အဲဒီအချစ်ဆိုတဲ့နေရာမှာ 1500 အချစ်တစ်ခုတည်း အတွက်သာမဟုတ်ပဲ။ သူငယ်ချင်း

အချစ်၊ မောင်နှမချင်း ၊ မိသားစုဝင်ချင်းဖြစ်ဖြစ် ဒီလိုသာ ဆက်ဆံ မယ်ဆိုရင်

အဆင်မပြေစရာမရှိပဲ အပြန်အလှန် နားလည်မှုတွေရှိပြီး ထာဝရ ချစ်ချစ် ခင်ခင်

ပေါင်းသင်းသွားနိုင်မှာ သေချာပါတယ်......

Monday, June 21, 2010

နေကြာလား?.......ကြာလား?


















ရေထိမှ လန်းတဲ့ ကြာနဲ့

နေထိမှ လန်းတဲ့ နေကြာ

မင်းမျက်နှာသာ ပေးမှ လန်းတဲ့ ငါဟာ

နေကြာလား?.....ကြာလား?

ဆိုပေမဲ့............

ချစ်ကြတယ် ဆိုပေမဲ့

အရာရာကို လိုက်လျော အရှုံးပေးခဲ့ရတာ

ကျွန်မပါပဲ

အချစ်ကြီးလို့ အမျက်ကြီးတယ်ဆိုတာ

ကြားဖူးပေမဲ့

ချစ်လွန်းလို့ သူ့စိတ်အငြို မခံ

အမျက်မထွက်ရက်တာ

ကျွန်မပါ

မျှော်လင့်တာတွေ သူ့ဆီကမရတဲ့အခါ

ဖြေတွေးလေးတွေနဲ့ မွေ့ရတာလဲ

ကျွန်မပါပဲ

သူစိတ်ချမ်းသာဖို့ သာရည်ရွယ်

အကောင်းဆုံးတွေသာ ပေးချင်တာ

သူ့ကိုချစ်တဲ့

ကျွန်မနှလုံးသားတစုံကြောင့်ပါပဲ


အမြဲတမ်းလဲ ပြောချင်နေတဲ့စကားက

ကို့ကိုကျွန်မအရမ်းချစ်တယ်ပါ


တစ်ဘက်သွား မေတ္တာ...

ရင်ခုန်စွာ စောင့်မျှော်နေမိတဲ့ အချိန်မှာ

ကိုယ့်ဆီ ပြန်လာတဲ့ သူ့တုန့်ပြန်မှုက

သာမာန်.........မထူးခြားတဲ့ ပုံမှန်

သူ့အတွက် ကိုယ်ဟာ

ဘာမှ မထူးခြားတဲ့

သူတယောက်လို့

သိလိုက်ရတဲ့ အချိန်မှာ

ကိုယ့်ရင်မှာ ထိခိုက်နာကျင်ရတာ

ကိုယ်ကလွဲလို့ ဘယ်သူသိနိုင်မလဲ

ရင်မှာ ထုံသွားလောက်အောင် နာကျင်ခံစားရလွန်းတာတောင်

မင်းကို မနာကျည်းနိုင်တဲ့ ငါ့နှလုံးသားကို ငါအံ့သြတယ်.............

ပေးဆပ်ရင်း ပျော်နေသူ..

မြင်လှည့်ပါမင်းရဲ့ အနီးဆုံးမှာရှိတဲ့ငါ့ကိုလေ

ပြောလှည့်ပါမင်းဘ၀မှာ ရင်ဖွင့်စရာကြုံလာတဲ့အခါ

ခေါ်လှည့်ပါငါ့အကူညီကို လိုအပ်တဲ့အခါထားခဲ့ပါ

ငါ့ထက်ပေးဆပ်နိုင်သူကို မင်းတွေ့သွားတဲ့အခါ။