THOUSANDS OF FREE BLOGGER TEMPLATES
Thursday, August 4, 2011
ဘာလဲ အချစ်ဆိုတာ.....?
ပင်လယ်ကို အရမ်းချစ်တဲ့ လူတစ်ယောက်က အားတိုင်း မကြာခဏဆိုသလို ပင်လယ်ပြင်ကို သွားကြည့်ခဲ့တယ်။ ပင်လယ်ပြင်ကိုကြည့်ပြီး သူစကားတွေ ပြောနေတတ်တယ်။ တစ်နေ့တော့ သူက ပင်လယ်ကိုကြည့်ပြီး “ပင်လယ်... ငါမှာဖြင့် နင့်ကိုချစ်လိုက်ရတာ... နင်ကတော့ ငါ့ကို ပြန်မချစ်ခဲ့ဘူး။ ငါ့ကို အချစ်နည်းနည်းပေးပါ ပင်လယ်... ငါလာတိုင်း ငြိမ်ပြီး နေမပြပါနဲ့” လို့ပြောတော့ ပင်လယ်က ခဏလောက် တွေဝေသွားပြီး.....
“ငါရဲ့အချစ်က နည်းနည်းပြင်းတယ်။ ငါ့အချစ်ကို နင်တကယ်ပဲ အလိုရှိသလား?”
“ဟုတ်တယ်... နင့်အချစ်တွေ ငါ့ကိုမြန်မြန်ပေးပါ”
“ဒါပေမယ့်... နင်ခံနိုင်ရည် ရှိပါ့မလား”
“ဒါပေမယ့်တွေ လုပ်မနေပါနဲ့တော့...နင့်အချစ်ကို ငါစောင့်နေတယ်”
သူ့စကားကိုလည်းကြားရော ပင်လယ်က အဝေးကနေ လှိုင်းထပြီး သူ့ဆီကို ဖြည်းဖြည်းချင်း ချည်းကပ်လာခဲ့တယ်။ လှိုင်းတွေ ကမ်းခြေကို မရောက်ခင်မှာဘဲ အဲဒီလူဟာ ကြောက်လန့်ပြီး ထွက်ပြေးပါတော့တယ်။ ပင်လယ်က စိတ်ထိခိုက်ပြီး ကျန်ရစ်ခဲ့တယ်။ နှုတ်ဆိတ်ပြီး မျက်ရည်တွေ ကျနေခဲ့မိတယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်လိုက်တယ်။
အဲဒီလိုနဲ့ အချိန်တွေ တရွေ့ရွေ့ကုန်သွားခဲ့တယ်။ ပင်လယ်ကိုချစ်တဲ့လူ နောက်တစ်ယောက် ထပ်ရောက်လာခဲ့တယ်။ သူလည်း ပင်လယ်ကို အရမ်းချစ်ပြီး ပင်လယ်ဘေးမှာပဲ သူ့အချိန်တွေကို ကုန်စေခဲ့တယ်။ တစ်နေ့မှာ သူလည်း ဟိုအရင်က တစ်ယောက်လိုပဲ ပင်လယ်ကို ပြောခဲ့တယ်။
“ပင်လယ်... နင့်အချစ်တွေ ငါ့ကိုပေးပါ”
ပင်လယ်က တစ်ခါခံထားရဖူးတော့ အချစ်ကို သက်သေပြရမှာ ကြောက်နေခဲ့တယ်။ အဲဒီလူကလည်း ပင်လယ်ကို အချစ်တွေ ပေးပါ..ပေးပါလို့ မကြာခဏ တောင်းဆိုနေတော့ နောက်ဆုံးမှာ ပင်လယ်က “ ငါ့အချစ်တွေကို နင်တကယ်ယူမလား!...ငါ့အချစ်က ပြင်းထန်တယ်နော်.. နင်ခံနိုင်ရည်ရှိပါ့မလား!”လို့ပြောတယ်။
အဲဒီစကားကို ကြားတော့ ပင်လယ်ချစ်တဲ့လူက ရင်ကိုဖွင့်ပြီး ယုံကြည်မှုအပြည့်နဲ့ “ လာပါ... နင့်အချစ်တွေ ငါ့ကိုပေးပါ” လို့ ပြောတယ်။ ပင်လယ်က အဝေးကနေ လှိုင်းတွေထပြီး သူ့ဆီကို ဖြည်းဖြည်းချင်း ချည်းကပ်သွားတယ်။ လှိုင်းတွေ ကမ်းနားရောက်လာပြီဆိုရင်ပဲ သူဟာ လှိုင်းတွေကို အားပါးတရ ပွေ့ဖက်လိုက်တော့တယ်။ အဲဒီအဖြစ်အပျက်ကို တိမ်က မြင်တော့ “ သူဟာ အချစ်ကို နားလည်တဲ့လူပဲ။ အချစ်စစ် အချစ်မှန်ဆိုတာ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ.. လူကိုမထိခိုက် မနာကျင်စေဘူးလေ” လို့ တကိုယ်တည်း ပြောနေခဲ့တယ်။
အဲဒီလိုနဲ့ ပင်လယ်ချစ်သူက ပင်လယ်နဲ့ အတူတူနေလာတာကြာတော့ တစ်နေ့မှာ သူက “ပင်လယ်.. နင့်ကိုငါ မချစ်တော့ဘူး..... နင့်ရဲ့အချစ်က ငြိမ်လိုက်.... လှိုင်းထလိုက်၊ လှိုင်းထလိုက်.... ငြိမ်လိုက်နဲ့ တခြား အပြောင်းအလဲလေးတောင် မရှိတော့ဘူးလား!... ငါသွားတော့မယ်” ဆိုပြီး ပင်လယ်ကို ထားရစ်ခဲ့ပြန်တယ်။ ပင်လယ်က အရမ်းစိတ်ထိခိုက်ပေမယ့်လည်း သူ့ကို မတားဖြစ်ခဲ့ဘူး။ ဒါကို တိမ်က မြင်လိုက်တယ်။ သူလည်း ပင်လယ်ကို ချစ်တယ်ဆိုပြီး စွန့်သွားခဲ့ပြန်ပြီပေါ့လား...!
“ မငိုပါနဲ့ ပင်လယ်ရယ်... နင်ရဲ့အချစ်က သူတို့နဲ့မထိုက်တန်ပါဘူး... ငါသိတယ်” တိမ်က ပင်လယ်ကို နှစ်သိမ့်တယ်။
“ နင့်သိတယ်!..နင်ဘာကို သိတာလဲ?” ပင်လယ်က တိမ်ကို တအံ့တသြ ပြန်မေးတယ်။
“သူတို့က နင့်ရဲ့အပေါ်ယံကိုပဲ ကြည့်ပြီး ချစ်ခဲ့ကြတာ... နင့်ရဲ့အတွင်းစိတ်ကို ချစ်ဖို့ နားမလည်ခဲ့ကြဘူး။ တကယ်လို့ သူတို့က နင့်ကို နားလည်မယ်၊ တကယ်ချစ်တတ်ခဲ့မယ်ဆိုရင် ပင်လယ်အောက်မှာ ရှုမငြီးတဲ့ အဖိုးတန် အလှအပရှုခင်းတွေဟာ သူတို့အတွက် နင်ဖန်တီးထားတယ်ဆိုတာကို သူတို့ခံစားမိကြရမှာပေါ့”
တစ်ချိန်တုန်းက ကိုယ်ဟာ လူတွေမချစ်တတ်ခဲ့တဲ့ ပင်လယ်လား...? ဒါမှမဟုတ် ပင်လယ်ကိုမချစ်တတ်ခဲ့တဲ့ လူလား....?
ကိုယ်ဟာပင်လယ်ဖြစ်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်မှာ လူတွေမတွေ့မမြင်၊ မခံစားမိတဲ့ လှပတဲ့အတွင်းစိတ်ရှိပါတယ်။
ပင်လယ်ကိုမချစ်တတ်တဲ့လူ ဖြစ်ခဲ့မယ်ဆိုရင် ပင်လယ်အောက်(အတွင်းစိတ်)က အလှအပတွေကို မြင်အောင်ကြည့်တတ်ဖို့ ကိုယ်အရည်အချင်း မရှိခဲ့လို့ပါပဲ။
အချစ်ဆိုတာ ဒီလိုပဲလား....?
အချစ်စစ်ကို ရှာတွေ့ဖို့ ကိုယ့်ကိုနားလည်ပေးတတ်တဲ့လူကို ရှာရမယ်တဲ့။ အဲဒီလူက ခြောက်ပစ်တော့ မကင်းနိုင်ဘူး။ ဒါပေမယ့် သူဟာ ကိုယ့်ကို နားလည်ပေးလို့ ကိုယ့်အမြင်မှာ သူဟာ ခြောက်ပစ်ကင်းနေပါတယ်။
တစ်ဦးကိုတစ်ဦး နားလည်တယ် ဆိုတာဘာလဲ...?
ကိုယ်ရှုံးနိမ့်နေချိန်မှာ ကိုယ်အကျင့်သိက္ခာကို ထိပါးတဲ့စကား မပြောသူ
ကိုယ်စိတ်ညစ်နေချိန်မှာ အသေးအမွှားကိစ္စတစ်ခုအတွက်နဲ့ ကိုယ့်ကို ရန်မရှာတတ်သူ
မိုင်ပေါင်းထောင်ချီဝေးလည်း ကိုယ့်ကို ယုံကြည်စိတ်ချသူ
ကိုယ်စိတ်ရှုပ်ချိန်မှာ သူစိတ်ရှုပ်တာတွေကို ရင်မဖွင့်ပြတတ်တဲ့သူ
ကိုယ်ပျော်နေချိန်မှာ သူပျော်ရွှင်တာတွေကို ထုတ်ဖော်ပြောတတ်တဲ့သူ
တစ်ဦးကိုတစ်ဦး နားလည်နိုင်ဖို့ဆိုတာ ခွင့်လွှတ်ခြင်းတွေပါရတယ်၊ အကြင်နာတွေ ရှိရတယ်။
ကိုယ့်ကို နားလည်တဲ့လူတစ်ယောက်ကို ရှာဖို့ရာ ခက်ကောင်းခက်လိမ့်မယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ယုံကြည်မှုထားရတယ်။
ကိုယ့်ကိုနားလည်တဲ့လူတစ်ယောက်ကို ရှာဖို့ ကိုယ်က သူ့ကိုအရင်ဆုံးနားလည်ပေးပြီး သူနားလည်နိုင်တဲ့လူဖြစ်အောင် အရင်ဆုံးလုပ်ရလိမ့်မယ်။
နိုင်းနိုင်းစနေ (Sunday, May 20, 2007)
Tuesday, July 26, 2011
10 tips for scholarship!!!
Many of you will rely on some financial support to pay for your international education. For some, a scholarship could mean the difference between studying… and not studying. For others, it just helps with the cost of living, and also provides a bit extra to enjoy student life.
There are many scholarships available, and not all of them require you to prove you’re the most academically gifted person on earth. But they are incredibly competitive. So how do you make sure you get the scholarship or bursary you deserve?
Top tip #1: You usually can’t apply for a scholarship until you have been accepted into the course
This may seem like it’s the wrong way around, but you do need to know you can pay your tuition fees and travel expenses without a scholarship. That way, if you do win a grant, you can pay back your local bank loan or have a bit of extra spending money.
Top tip #2: It’s not going to cover everything
Repeat after me… you can’t study for free. If you’re lucky enough to get a rare full scholarship, you’ll still have to find money for your travel, food, books, health insurance, phone calls and fun.
Top tip #3: Look beyond your university
You can find a complete list of scholarships on many websites, including those awarded by private foundations (such as a Fulbright Scholarship), or government bodies in the host country (such as the British Council) or your own country (such as the Department of Education). Check carefully to see if you’re eligible – many have nationality, course or age restrictions.
Top tip #4: Every little bit helps
Even if it’s just a small grant towards the cost of your books, it’s worth taking the time to apply. It’s one less thing to worry about when you get there!
Top tip #5: Apply for as many as you can
Yes, it takes time. But it’s free money! So make a list of all the scholarships you are eligible for. Double-check you have all the right documents to prove your case, and get someone read over your supporting essay or letter. It’s always good to get another point of view.
Top tip #6: Be confident
If the application requires a letter or essay explaining why you deserve the scholarship, don’t be shy. List all your relevant achievements – not just academic results but also community work, career experience and awards.
Top tip #7: Avoid scholarship scams
There is no such thing as a ‘guaranteed scholarship’. You should never have to pay an application fee for a scholarship. Unfortunately, some dodgy scholarship companies will just take your money and disappear.
Top tip #8: Allow plenty of time
You need to think about your finances at least 18 months before you hope to start your course. But once you have been accepted onto the course, you may only have a short window of time where you can apply for a course-specific scholarship. So don’t miss your deadline; keep in touch with your StudyLink counsellor and with the University’s international office.
Top tip #9: Keep a record of all the documents
You need proof of funds to get your visa sorted, and that includes the scholarship offer or agreement.
Top tip #10: Have a back up plan
Don’t despair if all those applications come to nothing. There are other ways to finance your education. Student loans, help from your friends and family, and company sponsorships are worth looking into as well.
Saturday, July 23, 2011
Password အကြောင်း
Password နဲ့ ပတ်သက်တဲ့ သတိပေးချက် တွေကို မကြာခဏ ကြားဖူးကြမှာပါ။
အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊
#%&!အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက
စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY
လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို
ကြားရတတ် ပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့
ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။
အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ် လို့ပဲ ထင်တတ်ပါတယ်။
တကယ့် အကြောင်းရင်းမှန်ကတော့ အလွယ်တကူ မှတ်လို့ မရရုံတင် မကပါဘူး။
Password သူခိုးတွေ သုံးတတ်တဲ့ အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack)
၊ ဘရုဖို့စ် တိုက်ခိုက်မှု (Brute Force Attack) စတဲ့ နည်းတွေကနေ
ရှောင်နိုင်အောင်လည်း ပါဝင်ပါတယ်။ Password သူခိုး များဟာ ရေးထားပြီးသား
ပရိုဂရမ်တွေ Script တွေကို သုံးပြီး Password ဖြည့်ရမည့် နေရာမှာ
ဖြစ်နိုင်ခြေ ရှိတဲ့ Password တွေကို အလိုအလျောက် ဖြည့်ကြည့်ကြပါတယ်။
အဲဒီလို ပရိုဂရမ်တွေ ကလည်း ကိုယ်တိုင် ရေးစရာ မလိုပဲ အင်တာနက်မှာတင်
အလွယ်တကူ ရှာလို့ ရနိုင် ပါတယ်။
အဘိဓာန် တိုက်ခိုက်မှု (Dictionary Attack) ဆိုတာကတော့ အဲဒီလို
ရေးထားပြီးသား ပရိုဂရမ်ကို သုံးပြီး အဘိဓာန် ထဲမှာ ရှိတဲ့
အင်္ဂလိပ်စာလုံးတွေကို ပုံစံမျိုးစုံနဲ့ ပေါင်းစပ်ပြီး ဖြည့်ကြည့်တာကို
ခေါ်ပါတယ်။ ဥပမာ အားဖြင့် night နဲ့ parking ပေါင်းပြီး nightparking
ဆိုတဲ့ စာလုံးမျိုး၊ Bird နဲ့ Park ပေါင်းပြီး birdpark ဆိုတာမျိုးကို
Password နေရာမှာ ဖြည့်ကြည့်ကြတာ မျိုးပါ။ အဲဒီတော့ ကိုယ့်ရဲ့ Password က
အဘိဓာန် ထဲမှာ ရှိတဲ့ စာလုံးတွေကို သုံးထားတယ်ဆိုရင် အဘိဓာန်
တိုက်ခိုက်မှု ကြောင့် Password သူခိုးတွေရဲ့ လက်ကို
ရောက်သွားနိုင်ပါတယ်။ အဘိဓာန် တိုက်ခိုက်မှုကို သုံးတဲ့ Password
သူခိုးအနေနဲ့ အင်္ဂလိပ် အဘိဓာန်သာ မကပဲ သူကြိုက်တဲ့ အဘိဓာန်ကို
ပရိုဂရမ်ထဲမှာ အလွယ်တကူ ထည့်ပြီး သုံးလို့ရပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်
အဘိဓာန် မသုံးပဲ မလေးစကားလုံးလို အင်္ဂလိပ်စာနဲ့ ရေးထားတဲ့
စာလုံးမျိုးတွေကို သုံးရင်လည်း စိတ်မချရပါဘူး။ အဘိဓာန်ထဲက စကားလုံးတွေကို
Password အနေနဲ့ မသုံးတာဟာ အကောင်းဆုံးပါပဲ။ Password သူခိုးတွေဟာ
အဘိဓာန် တိုက်ခိုက်မှု ထဲမှာ qwerty, asdfg စတဲ့ ကီးဘုတ်ပေါ်မှာ ရှိတဲ့
ဂဏန်း အစဉ်လိုက် စာလုံးတွဲတွေကိုလည်း သုံးတတ်တဲ့ အတွက် ကီးဘုတ်ပေါ်မှာ
ရှိတဲ့ အစဉ်လိုက် အက္ခရာတွေကို Password အနေနဲ့ ထားခြင်းမှလည်း
ရှောင်သင့်ပါတယ်။
ဘရုဖို့စ် ဆိုတာကတော့ ဖြစ်နိုင်ခြေ ရှိတဲ့ စာလုံးတွေကို ပုံစံမျိုးစုံနဲ့
ဖြည့်ကြည့်တဲ့ တိုက်ခိုက်မှုပါ။ ဥပမာ အားဖြင့် ဘရုဖို့စ် နဲ့
တိုက်ခိုက်မယ့် Password သူခိုးက Password ၆လုံးစာ နေရာကို ကို 0 ကနေ 9
အထိ ဖြည့်ကြည့်မယ် ဆိုကြပါစို့။ ပရိုဂရမ်က Password ဖြည့်ရမယ့် နေရာမှာ 0
ကနေ 999999 အတွင်း ရှိသမျှ ဂဏန်းတွေကို အလို အလျောက် ဖြည့်ကြည့်ပါတယ်။
ဖြစ်နိုင်ခြေ ရှိတဲ့ password အားလုံးပေါင်းက (106 + 105 + 104 + 103+
102 + 10)= ၁၁ သန်းကျော် ရှိပါတယ်။ (10 က ဖြစ်နိုင်ခြေ ရှိတဲ့ 0 ကနေ 9
အထိ ဂဏန်း ၁၀ လုံးကို ရည်ညွှန်းပြီး ရှေ့ဆုံးက ပါဝါ 6 ကတော့ ဂဏန်း ၆
လုံးစာနေရာကို ရည်ညွှန်းပါတယ်။) ဒါပေမယ့် ၁၁ သန်းကျော်ဆိုတဲ့ ဂဏန်းကို
ကွန်ပြူတာနဲ့ ဖြည့်ကြည့်ဖို့ မိနစ်ပိုင်း ပဲ ကြာပါတယ်။ အကယ်၍ ဂဏန်းချည်း
သက်သက်မဟုတ်ပဲ အင်္ဂလိပ်အက္ခရာ စာလုံး အသေး ကိုပါ တွဲဖြည့်မယ် ဆိုရင်တော့ a
ကနေ z အထိ အက္ခရာ ၂၆ လုံး ပိုလာပါပြီ။ အက္ခရာ ၃၆ လုံးအတွက် ဖြစ်နိုင်ခြေ
ရှိတဲ့ ဂဏန်း အားလုံးပေါင်းက (366 + 365 + 364 + 363+ 362 + 36) = 2.2
ဘီလီယံ ကျော် ရှိပါတယ်။ အဲဒီအတွက် ပရိုဂရမ်ကို Run ရတဲ့ အချိန်က
ဂဏန်းချည်း သက်သက် ဖြည့်တာထက် စာရင် အဆ ၂၀၀ ကျော် ပိုကြာပါတယ်။
အင်္ဂလိပ်စာလုံး အကြီးအသေး၊ ဂဏန်းနဲ့ ကီးဘုတ် ပေါ်က ရိုက်ထည့်လို့ရတဲ့
Special Character ၃၂ လုံးကို တွဲဖြည့်မယ် ဆိုရင်တော့ စုစုပေါင်း အက္ခရာ
၉၄လုံး ဖြစ်တဲ့အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ Password က ၆၉၇ ဘီလီယံ ကျော်
ရှိပါတယ်။ ဂဏန်း ချည်းသက်သက် ဖြည့်တာထက် စာရင် အဆ ၆သောင်း နီးပါး
ပိုကြာပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့ Password ထဲမှာ အက္ခရာ အကြီးအသေး ဂဏန်း
နဲ့ Special Character တွေ တွဲဖြည့်မယ် ဆိုရင် ဘရုဖို့စ် တိုက်ခိုက်မှုက
နေ ရှောင်နိုင်ဖို့ အခွင့်အလမ်း များပါတယ်။ Password အလုံးရေ ၁၂ လုံးထက်
ပိုမယ် ဆိုရင် အကောင်းဆုံးပါပဲ။
Password ကို မကြာခဏ ပြောင်းပါ ဆိုတာလည်း ဒါကြောင့်ပါပဲ။ ကိုယ့်ရဲ့
Password ကို တစ်စုံ တစ်ယောက်က စိတ်ရှည်လက်ရှည်နဲ့ နေ့တိုင်း
တိုက်ခိုက်နေမယ် ဆိုရင် တစ်နေ့မဟုတ် တစ်နေ့တော့ ကိုယ့်ရဲ့ Password ကို
ဖော်နိုင်မှာပါပဲ။ ဒါကြောင့် Password ကို မကြာခဏ ပြောင်းပေးတာဟာ ပိုပြီး
လုံခြုံမှု ရှိစေပါတယ်။
ဒါပေမယ့် User တွေ အတွက် အဓိက ပြသနာက အဲဒီလို အားကောင်းတဲ့ Password ကို
ဘယ်လို မှတ်မိအောင် လုပ်မလဲ ဆိုတဲ့ ပြသနာပါ။ အရိုးအရှင်းဆုံး Password
ဖန်တီးနည်းကို အခုလို မှတ်သား ဖူးပါတယ်။ ဂဏန်းတွေ ပါတဲ့ အင်္ဂလိပ်
စာကြောင်းတစ်ခုကို မှတ်မိအောင် လုပ်လိုက်ပါ။ ဥပမာ She have 3 cats 2 dogs
and he is 5 feet 8 inches tall ဆိုတာမျိုးပါ။ ပြီးရင်
ရှေ့ဆုံးစာလုံးတွေကို ယူပါ။ sh3c2dahi5f8it ဆိုပြီး ရပါတယ်။
နာမ်စားတွေကို အင်္ဂလိပ် အက္ခရာ အကြီး ပြောင်းလိုက်ပါ။ ပြီးရင်
ကျန်တဲ့စာလုံးတွေမှာ (a = @ , h = # , p = % , s = $ ) စတာမျိုးတွေ
အစားထိုးလိုက်ပါ။ အဲဒါဆိုရင် ခုန စာကြောင်းကနေ Sh3c2d@H!5f8!t ဆိုပြီး
အလွယ်တကူ ခိုးလို့မရနိုင်တဲ့ Password တစ်ခု ထွက်လာပါလိမ့်မယ်။
မမှတ်မိရင် အင်္ဂလိပ်စာကြောင်းကို ပြန်စဉ်းစားပြီး အစပြန်ဖော်လို့ ရပါတယ်။
ရိုက်ပါများရင် မှတ်မိသွားပါလိမ့်မယ်။
အဲဒါဆိုရင် မေးစရာ နောက်တစ်ခု ရှိလာပါပြီ။ ကျွန်တော်တို့ရဲ့
အီးမေးလ်တွေကို ဘရုဖို့စ် တိုက်ခိုက်မှုနဲ့ Password ဖော်လို့ ရသလား
ဆိုတာပါ။ ရာဟူး ဂျီမေးလ်စတဲ့ အီးမေးလ်တွေမှာ ဘရုဖို့စ် တိုက်ခိုက်မှုကို
ကာကွယ်ဖို့အတွက် Catcha လို့ ခေါ်တဲ့ Word Verification ထည့်ထားပါတယ်။
Password ကို ၃ ခါ မှားနှိပ်မိရင် Word Verification ပေါ်လာပြီး Password
နဲ့အတူ ကွန်ပြူတာ ဖန်သားပြင်မှာ ပေါ်လာတဲ့ စာလုံးတွေကို
ရိုက်ထည့်ပေးရပါတယ်။ အဲဒီ လို ပေါ်လာတဲ့ စာလုံးတွေကို ကွန်ပြူတာ
ပရိုဂရမ်နဲ့ အလွယ်တကူ ဖတ်လို့မရတဲ့ အတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်လို့
အလွယ်တကူ မရနိုင်ပါဘူး။ ဒါပေမယ့် ကွန်ပြူတာမှာ Optical Character
Recognition လို့ ခေါ်တဲ့ ဖန်သားပြင်ပေါ်က စာလုံးတွေကို ဖတ်လို့ရတဲ့
နည်းပညာလည်း ရှိပါသေးတယ်။ အဲဒါကြောင့် စာလုံးတွေကို အတည့်အတိုင်း မရေးပဲ
ရွဲ့စောင်း ရေးထားပြီး Word Verification ကို OCR နည်းပညာကို သုံးပြီး
အလွယ်တကူ ဖတ်လို့ မရအောင် လုပ်ထားပါတယ်။ ကျွန်တော်တို့ သုံးနေကျ
တစ်ချို့ဝက်ဘ်ဆိုဒ်(လုံခြုံရေး အရ အမည် မဖော်လိုပါ။) တွေမှာ Catcha
မပါပါဘူး။ အဲဒီအတွက် ဘရုဖို့စ်နဲ့ တိုက်ခိုက်တဲ့ အခါမှာ ကိုယ့်ရဲ့
Password က အားနည်းနေရင် တခြားသူလက်ကို အလွယ်တကူ ရောက်သွားနိုင် ပါတယ်။
အဲဒါကြောင့် ကိုယ်သုံးနေတဲ့ ဝက်ဘ်ဆိုဒ်မှာ Catcha မပါမှန်း သိရင်
Password ကို တတ်နိုင်သမျှ အားကောင်းအောင် လုပ်ထားပါလို့ အကြံပေးချင်
ပါတယ်။(ချောကလက်မြို့ တော်မှကူးယူဖော်ပြပါသည်။)
Sunday, July 17, 2011
အကယ်၍ by Julia Zan on Thursday, February 17, 2011 at 10:34pm
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍၏
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
(ဒေါ်အောင်ဆန်းစုကြည်မှ NLD လူငယ်များအား ၁၉၈၉ ခုနှစ်တွင် အမှာစကားပြောကြားရင်း ဒီ IF ကဗျာကို ပြန်ဆိုပြခဲ့ခြင်း ဖြစ်ပါသည်။)
Friday, July 15, 2011
စဉ်းစား ဆင်ခြင်မိသော........
စမ်းချောင်းဂျာနယ်က ကျမနှစ်သက်တဲ့ ဘလော့တခုဆိုလဲ မမှားပါဘူး။ နာမည်ရွေးတာကအစ စီးဆင်းနေတဲ့စမ်းချောင်းလို့ ခေါင်းစဉ်တပ်ပြီး သူရေးထားတဲ့ နိဒါန်းလေးကို ဖတ်ပြီး အရမ်းကို သဘောကျသွားခဲ့ရာကနေ စမ်းချောင်းဂျာနယ် ဘလော့ကို bookmark လုပ်ထားခဲ့မိပါတယ်။ သူဘာသာပြန်ပြထားတဲ့ ကျမ သဘောကျတဲ့ စာအချို့က
"သူဖြတ်သန်းရာလမ်းတစ်လျှောက်မှာရှိတဲ့ တောင်ကုန်းတွေ၊ ရွာတွေ၊ တံတားတွေ၊ တောင်ယာတွေ၊ မြက်ခင်းစိမ်းတွေ၊ ပျံလွှားငှက်တွေ၊ မိုးမခပင်တန်း၊ ကျူပင်တွေ၊ ရွှေငါးလေးတွေ၊ သဲသောင်ပြင်တွေ အစုံပါတယ်။ သူ (စမ်းချောင်းလေး) ဟာ ဖြောင့်ဖြောင့် တန်းတန်းသွားတဲ့အခါ သွားရသလို ကောက်ကောက်ကွေ့ကွေ့ သွားရတဲ့အခါလဲ ရှိတယ်။ ညင်ညင်သာသာ စီးဆင်းရတဲ့နေရာ တွေရှိခဲ့သလို တောင်ပေါ်ကအဆင်းတွေမှာ တ၀ုန်းဝုန်းနဲ့ ကြမ်းချင် ကြမ်းခဲ့ရတာပဲ။ နေ့ဘက်တွေမှာ စမ်းရေဟာ နေရောင်အောက်မှာ ရွှေရောင် တောက်သလို ညဘက်တွေမှာလဲ လရောင်ဆမ်းလို့ ငွေရောင်လွှမ်းခဲ့ရတာပဲ။ ဘာပဲဖြစ်ဖြစ် သူ ကတော့ စီးဆင်းနေမှာပါပဲတဲ့"
ဘလော့ပိုင်ရှင်က ဘလော့ကို ရသစုံခံစားနေမဲ့ အမြဲတမ်းစီးဆင်းနေမဲ့ စမ်းချောင်းလေးနဲ့ တင်စားပြီး နာမည်လေးကို ဂရုတစိုက် ရွေးချယ်ခဲ့တာကို ဖတ်ပြီး ကျမဆက်ပြီး စဉ်းစားမိတယ်။ စမ်းချောင်းလေးအတိုင်းပဲ ကျွန်မတို့ ဘ၀မှာလဲ ကြုံဆုံခဲ့ရတာတွေလဲ ဒီအတိုင်းပဲ ဖြစ်မှာပါပဲ။ ကျမတို့ အပြင်လောကမှာ တွေ့ကြုံရတဲ့ လူအမျိုးမျိုး အဖုံဖုံ ရှိမယ်။ သာယာပျော့ပျောင်းစေတတ်တဲ့ ပတ်ဝန်းကျင်ရှိသလို ကြမ်းတမ်းယုတ်ရင့်စေတဲ့ ပတ်ဝန်းကျင်မျိုးလဲ ရှိတာပါပဲ။ ဒါပေမဲ့ ကျမတို့ စမ်းချောင်းလေးလို အအေးဓာတ်ကို မပယ်ပျက်စေပဲ ဆက်လက်စီးဆင်းမြဲ စီးဆင်းရမယ်ဆိုတာပါပဲ။
အဲလိုပါပဲ ခေတ်ကြီးက တိုးတက်လာလို့ ကျမတို့လဲ အင်တာနက်ခေတ်မှာ စီးမျောကြတဲ့အခါ ကျမတို့ မြန်မာလူမျိုးတွေ အသုံးများတဲ့ gtalk မှာ တခြားသူမပြောပဲ ကျမကိုယ်တွေ့ပဲ ဥပမာပေးရမယ်ဆိုရင် အကောင့်ထဲမှာ သိသူ မသိသူတွေ အက်သမျှ လက်ခံဖူးခဲ့ပါတယ်။ သုံးလာလို့ ကြာလာတာနဲ့ အမျှ လွှမ်းမိုးမှုတွေကလဲ ကြီးမားလာခဲ့သလို နက်ပေါ်မှာ သိတဲ့မိတ်ဆွေ သူငယ်ချင်းမျိုးစုံလဲ ကြုံခဲ့ရတာပါပဲ။ မိုက်ရိုင်းတဲ့သူတွေ ရှိသလို၊ ရိုးသားဖြောင့်မတ်တဲ့သူတွေလဲ တွေ့ခဲ့ဖူးသလို၊ မုသာ လိမ်လည်လှည့်ဖျားပြီး တပါးသူတွေ စိတ်ဆင်းရဲရအောင် လှည့်စားတတ်တဲ့ သူတွေလဲ အများကြီး ကြုံတွေ့ခဲ့ရတာပါပဲ။ ငယ်သေးတဲ့ အရွယ်မှာ အဲဒီရေစီးချောင်းထဲ စီးမျောပြီး နှလုံးသားနဲ့ ရင်းပြီးတော့ကို ခံစားခဲ့ရတာတွေလဲ ရှိတာပါပဲ။ ဒါဟာလဲ အတွေ့အကြုံပါပဲ။ ဆက်ဆံပြောဆိုဖူးတဲ့သူတွေအလျောက် ယုတ်ရင်းကြမ်းတမ်းခဲ့ဖူးသလို နူးညံ့ပျော့ပျောင်းရဖူးပါတယ်။ လူဆိုးချည်းပဲ မကောင်းတဲ့လူချည်းပဲလဲ မဟုတ်ပဲ။ စိတ်ညစ်နေတဲ့အခါတိုင်း အမြဲ အတူရှိနေပေးတတ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေ ရှိတတ်သလို၊ အကိုကြီးအဖရာလို အမကြီးအမိရာလို ဆုံးမသြ၀ါဒတွေနဲ့ နှစ်သိမ့်အားပေးစကားပြောတတ်တဲ့ လူကြီးလူကောင်းတွေလဲ ကြုံခဲ့ဖူးပါတယ်။ မတူညီတဲ့ အသိုင်းအ၀ိုင်း အခြေအနေတွေကနေ လာတဲ့ လူအမျိုးမျိုး အဖုံဖုံနဲ့ တွေ့ကြုံဆက်ဆံရတဲ့အခါ The Brook ကဗျာလေးလိုပဲ ကျမတို့ ကွေ့တခါ ဖြောင့်တခေါက် စီးဆင်းမြဲ စီးဆင်းနေရမှာပဲ။ ပုတ်သင်ညိုလို ပတ်ဝန်းကျင်ပေါ်လိုက်ပြီး အရောင်ပြောင်းတတ်တာထက် တူညီသောသူကို တူညီသော တုံ့ပြန်မှုပေးတယ်ဆိုတာထက် အရာရာကို ခွင့်လွှတ်သည်းခံပြီး မြင့်မြတ်တဲ့ စိတ်သာ ထားတတ်မယ်ဆိုရင် ကျောက်တုံး ကျောင်စိုင်တွေပေါ်ပဲဖြစ်ဖြစ် သဲပြင်ပေါ်ပဲဖြစ်ဖြစ် ကွေ့ကောက်သည် ဖြောင့်ဖြူးသည်ဖြစ်စေ ကျမတို့ စီးဆင်းနေမြဲ စမ်းချောင်းလေးအတိုင်း တသွင်သွင်နဲ့ အေးမြစွာ စီးဆင်းနေနိုင်မှာပဲဆိုတာကို ဆင်ခြင်မိပါတယ်။ ကျမလဲ ထိုစမ်းချောင်းလေးအတိုင်း အေးမြစွာ စီးဆင်းတတ်အောင် ကြိုးစားရင်းးးးးးးးးးးး
Thursday, July 14, 2011
မေးလ်ထဲရောက်လာသော စာတစ်စောင်........
ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ Programmer,
Software Developer, Network Engineer, Designer စတဲ့သူတွေ
မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို
ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို
ဝေမျှချင်ပါတယ်။
“ ပိုက်ဆံရှိရင် ကွန်ပျူတာ ၀ယ်လို့ရတယ်။
တနည်းအားဖြင့် ပိုက်ဆံရှိရင် ကွန်ပျူတာဆိုတာ ရှိနိုင်တယ်။
ဒါပေမဲ့ ပိုက်ဆံရှိတိုင်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။
ကွန်ပျူတာ ရှိတိုင်းလည်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။
ကွန်ပျူတာ ရှိတဲ့နေရာတိုင်းမှာ သင်ပေးနိုင်တဲ့သူ မရှိနိုင်ဘူး။
ကိုယ်လုပ်နိုင်သလောက် လေ့လာရင် လေ့လာသလောက် ကိုယ်ပြန်ရမယ်...”
ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ဖြစ်ပြီး အခွင့်သာတိုင်းလည်း
အခြားသူများကို ပြောပြခဲ့ပါတယ်။
ကျွန်တော့်ရဲ့ ကွန်ပျူတာကို ထိတွေ့၊ သုံးစွဲ၊ လေ့လာနေဆဲ အတွေ့အကြုံများ၊
လေ့လာနည်းများကို အခြေခံပြီး "ကွန်ပျူတာကို ဘယ်လိုလေ့လာရမလဲ" (How to
Learn or Self Study about Computer and IT?) မေးခွန်းကို အခုလို
ကိုယ့်ဘာသာကိုယ် ပြန်ဖြေ ကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတာလေးတွေက
အတိုချုံးလေးတွေ ဖြစ်ပြီးတော့ အသေးစိပ်ကို နောင်မှာ ဆက်လက် ဝေမျှ
သွားမှာပါ။
Self-Studying - ကိုယ်တိုင် လေ့လာခြင်း
ကွန်ပျူတာကို အခြေအနေပေးရင် ပေးသလို၊ အဆင်ပြေရင် ပြေသလို၊ အရူးအမူး လေ့လာပါ။
ကွန်ပျူတာ အကြောင်းကို အမြဲတမ်း စိတ်ဝင်စားပါ။ (ချစ်သူရည်းစားကို
စိတ်ဝင်စားသလောက် ကွန်ပျူတာကို စိတ်ဝင်စားပါ။ သို့သော် ချစ်သူရည်းစားကို
ထည်လဲပြောင်းသလိုတော့ ကွန်ပျူတာကို ထည်လဲ မပြောင်းပါနှင့်။ -
အစပိုင်းတွင် Windows, Mac, Linux စသည့် OS တစ်ခုခုကို ရင်းနှီးအောင်
သုံးတတ်စေရန် ဆိုလိုပါသည်။)
ကွန်ပျူတာ ကိုင်ရသည် ဖြစ်စေ၊ မကိုင်ရသည် ဖြစ်စေ ကွန်ပျူတာနှင့်
ပတ်သက်သည်များကို လေ့လာနေပါ။ (အလွန်အရေးကြီးပါသည်။) ကိုယ့်ဘာသာကိုယ်
လေ့လာရတာ မလွယ်ပါ။ သို့သော် အလေ့အကျင့်ရသွားလျင်တော့ မခက်တော့ပါ။
IT Social Networking - အိုင်တီ အပေါင်းအသင်း မိတ်ဆွေများ
ကွန်ပျူတာကို မိမိကဲ့သို့ အရူးအမူး စိတ်ဝင်စားသူများနှင့် မိတ်ဆွေဖွဲ့ပါ။
ထိုမိတ်ဆွေများနှင့်အတူ မိမိ သိထားသည်များကို ဖောက်သည်ချ ဝေမျှပေးပြီး၊
မသိသေးသည်များကို မေးမြန်းပါ။
တစ်ပြိုင်တည်းမှာပင် မိမိအတွက် အသုံးဝင်သည့် နည်းလမ်းများ (Tips and
Tricks)၊ လေ့ကျင့်ရေး သင်ခန်းစာများ (Tutorials) နှင့်
အသုံးချဆော့ဖ်ဝဲများ (Application Software) ကို မှတ်သားခြင်း၊
စုဆောင်းထားခြင်းများ ပြုလုပ်ပါ။
Having Good Moral - စေတနာကောင်းထားပါ
အခြားသူများကိုလည်း ဖလှယ်ပါ။ ဝေမျှပါ။ (ကိုယ်ရသလို ကိုယ်သိသလို
သူများကိုလည်း သိစေချင်၊ ရစေချင်သည့် စေတနာကောင်းသည် လူတိုင်းတွင်
မရှိသည့်၊ လူတိုင်း ထားရှိ မွေးမြူသင့်သည့် စိတ်ဓါတ်ကောင်းတစ်ခု
ဖြစ်ပြီး၊ ကိုယ်တိုင် လေ့လာသင်ယူမှု (Self study) အတွက် နှင့်
ပတ်ဝန်းကျင်အတွက် အလွန်ပင် အထောက်အကူပြုလေသည်။)
Learning by Internet - အင်တာနက်မှ လေ့လာခြင်း
အင်တာနက် သုံးခွင့်ရသည့် နေရာတွင် အင်တာနက်ကို ရအောင်သုံးပါ။
အင်တာနက်သုံးရသည့် အချိန်တွင် မည်သည့် အကြောင်းအရာများကို လေ့လာမည်
ရှာဖွေမည်ကို - အင်တာနက် သုံးခွင့် မရသေးသည့် အချိန်များတွင် ကြိုတင်
ပြင်ဆင် မှတ်သားထားပါ။ သို့မှသာ အင်တာနက် တကယ် သုံးခွင့်ရသည့် အချိန်တွင်
ထိရောက်စွာ၊ အကျိုးရှိရှိ သုံးနိုင်မည်။
Using Search Engines - ရှာဖွေရေး ၀က်ဘ်ဆိုက်များကို သုံးခြင်း
Search Engine များကို သုံးတတ်အောင် လေ့လာပါ။ အင်တာနက်ထဲတွင်
လှိုင်းစီးနိုင်ရန် (Internet Surfing)၊ အချိန်တိုအတွင်း လိုရာခရီး
အမြန်ရောက်နိုင်ရန်အတွက် Search Engine များသည် တစ်ဦးချင်းစီ၏
အသုံးချနိုင်စွမ်းအပေါ် မူတည်ပြီး (လိပ်တစ်ကောင် ဖြစ်နိုင်သလို)
ဒုံးပျံတစ်စင်းကဲ့သို့လည်း လိုရာခရီးသို့ လျင်မြန်စွာရောက်ရှိစေရန်
ကူညီပေးနိုင်သည်။
Using Search Keywords Effectively - သော့ချက်စကားလုံးများကို ထိရောက်စွာ သုံးခြင်း
Search Keywords များကလည်း အင်တာနက်ထဲမှ လိုရာ သတင်းအချက်အလက်များကို
အမြန်ဆုံးရရှိစေရန် များစွာ အထောက်အပံ့ ဖြစ်စေသည်။
သော့ချက်စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှ အင်တာနက်တွင် ရှာဖွေမှု
မြန်ဆန်မည် ဖြစ်သည်။
Participating at Internet Forums
အင်တာနက် စကားဝိုင်းများ (Internet Forums) မှတဆင့် အခြားသူများ
ကြုံနေရသည့် အခက်အခဲများ ပြဿနာများကို ကြိုတင်လေ့လာ သိရှိထားနိုင်သည်။
မိမိတို့၏ ပြဿနာများကို အများသို့ ဝေမျှ အသိပေး အကူအညီတောင်းနိုင်သည်။
ထို့ထက် အဆင့်မြင့်လာပါက ကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးလာနိုင်မည်။
Wikipedia - အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း
အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း
လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေးသည့် အကြောင်းအရာသစ် တစ်ခုကို
စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို
ဝက်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ၀ီကီပီဒီယ မှာ
အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေသည်များ ကြုံဖူးပါသည်။
Reading by RSS - RSS ဖြင့် စာဖတ်ပါ
ကျွန်တော်တို့ သွားချင်သည့်၊ စိတ်ဝင်စားသည့် ၀က်ဘ်ဆိုက်ပေါင်း 30 ရှိပြီး
အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင်
တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက်
ထိုဝက်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား
၎င်းဆိုက်များမှ ပေးထားသည့် RSS Feed များကို နှစ်သက်ရာ RSS Reader
(Google Reader, Great News Portable RSS Reader, etc) ဖြင့် ဖတ်ရှုခြင်းက
အချိန်နှင့်ငွေကြေးကို အထိရောက်ဆုံးကို အသုံးချရာရောက်သည့် အပြင်
စိတ်ရောလူရော လွယ်ကူ သက်သာစေသည်။
Learning at Training Schools - သင်တန်းများ တက်ခြင်း
သင်တန်းတက်နိုင်လျင်၊ သင်တန်း တက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင်
ကိုယ်တိုင်အကြာကြီး လေ့လာမှ သိရမည့် အရာများကို သင်တန်းများတွင်
မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။ KMD မှာ Basic
Networking တစ်ခု တက်ဖူးပါတယ်... အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့
Cabling ကို သိချင်လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို
စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း သိမှ ဖြစ်တော့မှာမို့ သွားတက်ဖြစ်တာ။
သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှ
အရင်းအမြစ်တွေ ကို ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ
သင်တန်း တက်ရကျိုး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းရကျိုးတွေ နပ်မှာပါ။
သင်တန်းမှ သင်ရိုးများ၊ လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊
အတူတက်နေသူများဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။
Using OSF (Open Source Free) Softwares - အခမဲ့ရသည့် အပွင့်ဆော့ဖ်ဝဲများကို သုံးပါ
နိုင်ငံတကာတွင် သွားရောက် အလုပ်လုပ်ရန်၊ သို့မဟုတ်
နိုင်ငံခြားသားများနှင့် ယှဉ်တွဲ အလုပ်လုပ်ရန်၊ သို့မဟုတ် လိပ်ပြာသန့်စွာ
၊ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရန်အတွက် အလကား ရသည့်ဆော့ဖ်ဝဲမှန်သမျှကို
သုံးခြင်းထက်၊ အလကားရသည့် အပွင့်ဆော့ဖ်ဝဲများ (ကျွန်တော်က Open Source
Free (OSF) Software များဟု ကိုယ့်ဘာသာ အမည်ပေးထားသည်။) ကို
ထိထိရောက်ရောက် အသုံးချနိုင်စေရန် ကြိုးစားပါ။
ကိုယ်တိုင်လေ့လာရတယ်ဆိုတာ ခရီးကြမ်းတစ်ခုပါ။ မလွယ်ပါဘူး။ လူတိုင်းလည်း
ရေရှည် မလျောက်နိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊ အထူးသဖြင့် ဘ၀မှာ ပညာကို
ချစ်ခင် မြတ်နိုးသူတိုင်း တစ်ခုခုကို ကိုယ်တိုင်လေ့လာကြည့်ဖို့
ကြိုးစားသင့်ကြပါတယ်...။ ရလာတဲ့ မြင်ရတဲ့ အကျိုးဆက်တွေ၊ မမြင်ရတဲ့
အကျိုးဆက်တွေကိုတော့ ဘာသာရပ်တစ်ခုခုကို ကိုယ်တိုင်လေ့လာ
သင်ယူလေ့ကျင့်ဖူးသူတိုင်း ခံစားနားလည် သိရှိနိုင်မှာပါ...
စာဖတ်နေတဲ့ ချစ်မိတ်ဆွေရော ဘ၀မှာ ဘယ်လို Self Study လုပ်ခဲ့ဖူးလဲ ...
အများအတွက် ဝေမျှ ဆွေးနွေးသွားစေချင်ပါတယ် ....
ယခုမှ ကွန်ပြူတာကို စတင် လေ့လာမည့်သူများအတွက် RSS ဆိုတာဘာလည်းးး ဆိုတာ
...အသေးစိတ်မဟုတ်တောင် အကြမ်းဖျဉ်းလောက်တော့ ပြန်လည် ရှင်းပြပေးထားလို
့RSS အကြောင်း သိချင်ရင် လေ့လာလို့ ရပါတယ် ခင်ဗျာ .. ။
Online Forum တစ်ခုမှ ကူးယူဖော်ပြပါသည် ။
Tuesday, July 12, 2011
မုန်းသည်....... By Docer Grade
ကိုယ့်ကိုကိုယ်
ဆုံးမရ ခက်လို့
လောကပါလ တရားတိုင်းကို
မုန်းတယ်
မပြင်ဆင်ရဘဲနဲ့
ဖြစ်တည်လာတတ်တဲ့
သေခြင်းတရားကိုလည်း
မုန်းတယ်
အနတ္တလို့ ပြောနေရက်နဲ့
ဖက်တွယ်ချင်တဲ့
အတ္တကိုမုန်းတယ်
ရင်ကွဲပက်လက်ဖြစ်လာတိုင်း
ကဗျားရေးတတ်တဲ့
ငါ့အကျင့်ကိုမုန်းတယ်
ငါ့ခံစားချက်ကို
သူတပါးကိုဖွင့်ပြဖြစ်တဲ့
ဒီကဗျာကိုလည်း
မုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးတယ်ယ်ယ်..............
ဘာမှသိပ်မသိပေမယ့် ဘာမှမသိတဲ့သူအနေနဲ့ပဲ စကားနည်းနည်းများပါရစေ။
အိမ်က အမေကို အဖေါ်လုပ်ပြီး ကိုရီးယားဇာတ်လမ်းတွဲတစ်ချို့ ကြည့်ပေးရာကနေ .. သတိထားမိတာက ဟိုးအရင် အွန်စော၊ ဂျွန်စောဇာတ်လမ်းကစလို့ အခုပြနေတဲ့ဇာတ်လမ်းတွေမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေချည်းပဲ တော်တော်များပါတယ်၊ တစ်ချို့တွေများ သုံးပွင့်တောင်မကဘူး .. kiss me quick ပန်းတွေ အစုလိုက်ပွင့်နေသလိုကို ဆိုင်နေကြတာ (တစ်နည်းအားဖြင့် အရှုပ်တော်ပုံပေါ့) .. ကိုရီးယားတွေ ဘယ်နှစ်ပွင့်ဆိုင်ဆိုင်၊ သူတို့ရဲ့ တကယ့်ယဉ်ကျေးမှု ဟုတ်ဟုတ် မဟုတ်ဟုတ်၊ သူတို့ရဲ့ အနုပညာဖန်တီးမှုကို မဝေဖန်ပါ .. ကျွန်မ နားလဲမလည်ပါ .. Fashion Design တွေ လေ့လာရတဲ့အတွက် အလှအပကြိုက်တဲ့ကျွန်မတို့ကတော့ ကြိုက်ပါတယ် ..
အခုဆိုရင် ကျွန်မတို့ဆီက အမျိုးသမီးတွေ၊ ဆယ်ကျော်သက်တွေ၊ ကလေးတွေနဲ့ အမျိုးသားအချို့အပါအ၀င်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာထဲမှာ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်ချိန်ကလဲ ပုံမှန် occupy လုပ်ထားနေပါပြီ .. ကျွန်မပြောချင်တာက ဒီလို အပွင့်ခပ်များများဆိုင်နေတဲ့ဇာတ်လမ်းတွေကို ဘယ်လိုဖြစ်လို့ တီဗွီအစီအစဉ်အနေနဲ့ လွှင့်ပေးနေမှန်း နားမလည်နိုင်တာပါ (တာဝန်ခံသူများ သတိမထားမိတာလဲ ဖြစ်နိုင်ပါတယ်) .. လူပျိုလူလွတ်တွေ သုံးပွင့်ဆိုင်ဇာတ်လမ်းဆိုရင် လက်ခံနိုင်စရာရှိပေမယ့် .. အခုနောက်ပိုင်း အိမ်ထောင်သည်တွေနဲ့ သုံးပွင့်လေးပွင့်တွေဆိုင်တဲ့ ဇာတ်လမ်းတွေကို မြင်နေရပါတယ် .. အဲဒီမှာ နည်းလမ်းမမှန်တဲ့သူက ပညာသားပါပါနဲ့ ကိုယ့်အိမ်သူ၊ ကိုယ့်အိမ်သားကို ညာပြောတဲ့စကားတွေ အများကြီးပါပါတယ် .. လိမ်ညာနည်းလေ့လာချင်သူများအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်နေမှာပါ။
တစ်နေ့က ကျွန်မအမေအပြင်က ပြန်လာတော့ ထူးထူးဆန်းဆန်းစကားတစ်ချို့ ပြောလာပါတယ် .. သူများအတွက် မထူးဆန်းချင် မထူးဆန်းနိုင်ပေမယ့် ကျွန်မအတွက် ထူးဆန်းပါတယ် .. “သမီးရယ် .. လမ်းမှာ အမေ့ရှေ့မှာ ဆယ်ကျော်သက်ကောင်မလေးသုံးယောက် လမ်းလျှောက်သွားရင်းနဲ့စကားပြောနေကြတာ .. စိတ်ညစ်စရာတွေ” တဲ့ .. ကျွန်မက ဘာတွေပြောနေလို့လဲလို့ မေးကြည့်တော့ ..
ကောင်မလေး (၁) ဟဲ့ နင့်ဘဲကြီး နင့်ကို လာကြိုမှာလား ..
ကောင်မလေး (၂) အင်း လာကြိုမှာလေ .. ကျူရှင်ကပြန်တိုင်း သူလာကြိုနေကြပဲ ..
ကောင်မလေး (၃) ဟဲ့ အဲဒီဘဲကြီးက မိန်းမရှိတယ်ဆို? ကလေးလဲ ရှိတယ်တဲ့ ..
ကောင်မလေး (၂) ဘာဖြစ်လဲ .. ကိုရီးယားကားထဲကလိုပေါ့ ..
ကျွန်မအမေကို ဘာက စိတ်ညစ်စေမှန်း ကျွန်မ သေချာခံစားလို့ရပါတယ် .. ဒီကလေးမတွေရဲ့ family background နဲ့ လက်ရှိအနေအထားကို ကျွန်မတို့ မသိနိုင်ပါ .. တစ်နေရာရာမှာ တစ်ခု (သို့မဟုတ်) တစ်ခုမကတော့ မှားနေတာ သေချာပါတယ် .. ဒါပေမယ့် ကျွန်မသိရသလောက်ဆိုရင် အခုနောက်ပိုင်း (အခုနောက်ပိုင်း) မြန်မာလူမျိုးတွေဟာ အင်မတန် influence လုပ်ရတာလွယ်တဲ့အထဲမှာပါနေပါတယ် .. ဒီနေရာမှာ Media ဆိုတာကလဲ လူတွေကို influence လုပ်တဲ့နေရာမှာ တော်တော်ကြီးကို အရှိန်ပြင်းပါတယ် .. လူတော်တော်များများရဲ့ အတွေးအခေါ်ကို ပြောင်းလဲပစ်နိုင်တာကလဲ Media ပဲဖြစ်ပါတယ် .. ဒါပေမယ့် ၅၀၀ ကျပ်တန် ဂျာနယ်တစ်စောင်ကို ပုံမှန်ဝယ်ဖတ်ဖြစ်ချင်မှ ဖတ်မယ် .. ကိုရီးယားဇာတ်လမ်းတွဲတော့ ပုံမှန်ကြည့်နေကြတဲ့ အခုလို အချိန်အခါမှာ .. ကျွန်မတို့ကလေးတွေအတွက် သူတို့ဘာကို ကြည့်နေသလဲ .. ဘာကိုလေ့လာနေသလဲဆိုတာ အင်မတန်မှ အရေးကြီးပါတယ် .. ကောင်းတာကိုပဲ လေ့လာမိရင်တော့ အကောင်းဆုံးပေါ့ .. (ကလေးတွေမှမဟုတ်ပါ .. အားလုံးသော ကိုရီးယားဇာတ်လမ်းတွဲကြည့်သူများ၊ အားကျသူများ အပါအ၀င်ဖြစ်ပါတယ်) .. ကျွန်မနဲ့ နီးစပ်ရာလူတစ်ချို့ကိုလဲ မေးကြည့်ပါတယ် .. သူတို့ကလဲ “စိတ်ပျက်စရာပဲ၊ ဒါတွေက မြန်မာနိုင်ငံကလူတွေရဲ့ character ကို တစ်နည်းနည်းနဲ့ influence အများကြီးဖြစ်နိုင်တယ်” လို့ ပြောကြပါတယ် .. ဘာမှ မလေ့လာဘူး ဇာတ်လမ်းပဲ ကြည့်လိုက်တယ်ဆိုတဲ့လူမျိုးတွေအတွက် လုံးဝ စိတ်မပူပါ .. ဒါပေမယ့် အဲဒီလိုမဟုတ်ပဲ တချို့လူတွေအနေအထားက သူတို့ဘာလေ့လာမိနေသလဲတောင် မသိ(နိုင်)ကြတဲ့ အနေအထားမှာ နည်းနည်းလောက် အဲဒီအစီအစဉ်ကို ပိုဂရုစိုက်ပေးရင် ပိုကောင်းပါလိမ့်မယ် .. ဘာမှသိပ်မသိပေမယ့် ဘာမှမသိတဲ့သူအနေနဲ့ပဲ စကားနည်းနည်းများပါရစေ။
မှတ်ချက်။ မကြည့်ချင် တီဗွီပိတ်ထားပေါ့ဆိုပြီးလဲ ပေါ့ပျက်ပျက်အကြံပေးလို့ရပါတယ်။
With love,
Anna Deborah
နင်.....လုပ်ရက်တယ်။
ငါဟာ ခံစားလွယ်သူ
ရူးသွပ်သူ ဆိုတာ နားလည်ရဲ့ သိလျက်သားနဲ့
နင်မုသားတွေ သုံးရက်တယ်။
ငါဟာ ယုံလွယ်တယ်
ခံစားချက်ပျော့ပြောင်းသူ ဆိုတာကို နင်သိလျက်နဲ့
ငါ့ကို ညာရက်တယ်။
ငါဟာ အချစ်နဲ့ပတ်သတ်ပြီး
တခါသေဖူးသူဆိုတာ သိလျက်နဲ့
နင် ငါ့ကို လှည့်စားရက်ပြန်တယ်။
ပျော်ရွှင်ခဲ့ ရတဲ့ နေ့တွေ အိပ်မက်တခုလိုေ၀၀ါးသွားခဲ့ တယ်
မမျှော်လင့်တဲ့ ဟန်ဆောင်မှုတွေနဲ့ နင်လုပ်ရက်မယ် ငါမတွေးခဲ့ဘူး
အဝေးက ၀ိုးတ၀ါး ကောင်းကင်ကို လက်လှမ်းဖို့ ကြိုးစားခဲ့တဲ့ ငါအမှားပဲ
နင့်ရဲ့ အနားကို လာဖို့ အတွက် ပေးဆပ်ခဲ့တဲ့ မာန သိက္ခာတွေ အလကားပဲ
အဲဒီအရာတွေဟာ ပေးဆပ်လိုက်ပြီးရင် ဘယ်တော့မှအကောင်းအတိုင်း မဖြစ်နိုင်တော့ဘူးဆိုတာ နင်သိတယ်။
ဘာတဲ့ .........ရင်ဘတ်တဲ့ ဟုတ်လား။
ဘာတဲ့ ........အရောင်မရှိတဲ့ တိမ်ဟုတ်လား..။
သွားစမ်းပါကွာ အပေါစား ရင်ခုန်သံအတုတွေကို ထားခဲ့ လိုက်ပါတော့။
Tuesday, July 5, 2011
အင်တာနက် နှင့် ဘလော့ (စမ်းချောင်းဂျာနယ်မှ ကူးယူသည်။)
Blog ဆိုတာ Web Log ကနေ စတင်ခဲ့ပါတယ်။
Web ဆိုတာ Internet ကို ရည်ညွှန်းပြီး။
Log ဆိုတာ မှတ်တမ်း ကို ရည်ညွှန်းပါတယ်။
Internet ပေါ်မှာ မိမိရဲ့ အတွေ့ အကြုံ များ။ ခံစားချက်များ စသည်တို့ ကို မှတ်တမ်းတင်ထားပြီး မည်သူမဆို (ဒါမှ မဟုတ် – သတ်မှတ်ထားသောသူများကို) မျှဝေပးဖို့ ရည်ရွယ်ပြီး Blog တွေ စတင် ခေတ်စားလာပါတယ်။
အဲဒီမှာ အငြင်းပွားစရာ မေးခွန်းတွေ ဖြစ်လာပါတယ်။
စာရွက်ပေါ်မှာ မှတ်တမ်းရေးတာနဲ့ Internet အပေါ်မှာ မှတ်တမ်းရေးတာ ဘာကွာခြားလဲ။
ဘယ်လို အကြောင်းအရာတို့ ကို စာရွက်ပေါ်မှာ မှတ်တမ်းထားပြီး။ ဘယ်လို အကြောင်းအ၇ာကို မှတ်တမ်းရေးရမလဲ။
ကျွန်တော် အဖြေကတော့ ရှင်းရှင်းလေးပါ။
Internet အပေါ်မှာ မှတ်တမ်းထားရှိတဲ့အခါ – ပိုမို စနစ်ကျပါတယ်။ မိမိ လိုချင်သော အကြောင်းအရာကို ရှာဖွေရတာ လွယ်ပါတယ်။ နောက် သူငယ်ချင်းမိတ်ဆွေတွေကို မျှဝေချင်သလား။ မိနစ်ပိုင်းအတွင်း မျှဝေလို့ ရပါတယ်။
စာရွက်ပေါ်မှာေ၇းထားတာ -မိမိ လိုချင်သော အကြောင်းအရာကို ရှာဖွေတဲ့အခါ – ခက်ခဲစွာရှာဖွေရပါတယ်။
နောက် သူငယ်ချင်းမိတ်ဆွေတွေကို မျှဝေချင်သလား။ အနည်းဆုံးတော့ မိတ္တူကူးပေးရပါလိမ့်မယ်။
ဒါကြောင့် – စနစ်တကျ မှတ်တမ်းထားလိုပါသလား – blog ရေးပါ။
မျှဝေပေးဖို့ ဆန္ဒမရှိဘူးလား။ ဒါလည်း ဖြစ်ပါတယ် -မိမိ မှလွဲပြီးတခြားသူတွေ ဖတ်လို့ မရအောင် ပိတ်ထားလို့ ၇ပါတယ်။
တချိန်ချိန်မှာ မျှဝေပေးချင်ပါသလား- ပိတ်ထားတာကို ဖွင့်လိုက်ရုံပါပဲ။
နောက်တခုက မိမိမှတ်တမ်းများကို Internet ပေါ်မှာ ထားတဲ့အတွက် Internet ရှိသော မည်သည့် နေရာတွင်မဆို အသုံးပြုလို့ ၇ပါတယ်။ နေရာ ကန့် သတ်ချက် မရှိတော့ပါဘူး။
အလွန်အရေးကြိးသော မှတ်တမ်းများတော့ blog မလုပ်ပါနဲ့ ။ ဥပမာ – ရည်းစားစာ၊ အကြွေးစာရင်း၊ ရည်းစားဟောင်းမှတ်တမ်း။
Blog တစ်ခု စတင်ေ၇းဖို့  ခက်ခဲသလား။ Microsoft Word တို့ လို သင်တန်းတက်ပြီးမှ ရေးလို့ ရတာလား။
အခု အချိန်မှာ Blog တစ်ခု စတင်ဖန်တီးရတာ လွယ်ကူလာပါပြီ။ ငွေကြေးကုန်ကျမှုလည်း မရှိပါ။
Blog အလွယ်တကူရေးလို့ ရအောင် လုပ်ပေးတဲ့ Engine တွေ ပေါ်ထွက်လာပါပြီ။
www.blogger.com – Google က ပိုင်ဆိုင်တာပါ။ Gmail Account ရှိရင် စသုံးလို့ ရပါပြီ။ စိတ်မကောင်းစရာ ပြောရရင် မြန်မာပြည်မှာ ပိတ်ပင်ထားဆီးထားပါတယ်။
www.wordpress.com – သူကတော့ ကျွန်တော့်အကြိုက်ပါပဲ။ ဘာကြောင့် ကြိုက်တာလဲ ဆိုတာကို နောက်ပိုင်းမှာ သီးသန့် ရှင်းပြပါမည်။
တခြားသော Blog Engine Platform တွေ များစွာရှိနေပါပြီ။
မိမိနှင့်သင့်တော်ရာ platform ကိုရွေးပါ။
Account ဖွင့်ပါ။ နံမည် လှလှ ရွေးပါ။ အဲဒီနောက် Microsoft Word မှာ စာရိုက်သလို့ စာရိုက်ပြီး မိမိရဲ့  Blog ကို ဖန်တီးလို့ ရပါတယ်။
မြန်မာလို ရိုက်ချင်ရင်လည်း ရပါတယ်၊ တချို့ နေရာတွေမှာတော့ သိနားလည်သူကို မေးမြန်းဖို့ လိုပါလိမ့်မယ်။
Blog တွေကို ဘယ်လိုလူတွေက ရေးသလဲ။
ထင်ရှား ကျော်ကြားတဲ့သူတွေ မှာ Blog ရှိပါတယ်။
သူတို့  ဘာလုပ်နေတဲ့အကြောင်း။ အများပြည်သူကို အသိပေးလိုတဲ့အကြောင်းတွေကို သူတို့ ရဲ့ Blog မှာ ရေးပါတယ်။
နောက် စာရေးရတာ ၀ါသနာပါသူတွေ Blog ရေးပါတယ်။
Blog ရေးသူကို Blogger လို့ ခေါ်ပါတယ်။
Blog အကြောင်း ပြောပြီးတော့
Blog နဲ့  Web Site တွေနဲ့  ဘယ်လို ကွာခြားသလဲ။
Blog ကတော့ ရေးသားမှုတွေကို- နေ့ စွဲနဲ့  အစီအစဉ်တည်ဆောက်ထားပါတယ်။
ဒီနေ့ ရေးတာ အရင်ဖော်ပြထားပြီး မနေ့ ကရေးထားတာ၊ အရင်လတုန်းက ရေးထားတာ နောက်မှာဖော်ပြထားပါတယ်။ ဒိုင်ယာရီ ဆန်ဆန် ဖြစ်ပါတယ်။
Web Site ကတော့ – အကြောင်းအရာနဲ့  စီစဉ်ထားတာပါ။ တူရာတူရာ အကြောင်းအရာတွေ စုပြီး menu ပုံစံနဲ့  စုစည်းဖော်ပြထားပါတယ်။
မြန်မာလူမျိုးတွေထဲမှာ Blog ရေးပြီး ထင်ရှားလာသူတွေ အများကြီးရှိပါတယ်။
ကျွန်တော်သိရသလောက် ပြောရရင်-
တစ်ဦးချင်း ရေးတဲ့ သူတွေမှာ -
နိုင်းနိုင်းစနေ (http://www.99sanay.com/) သူကတော့ အမျိုးသမီးပါ။ စိတ်ဓာတ်ခွန်အားပေးတဲ့ အကြောင်းအရာတွေ အများဆုံးရေးပါတယ်။
ညီလင်းဆက် (http://blog.nyilynnseck.com/) သူကတော့ အမျိုးသားပါ။ ကွန်ပျူတာ နည်းပညာအကြောင်းနဲ့  မြန်မာစာ အကြောင်း အများဆုံးရေးပါတယ်။
စေတန် (http://www.saturngod.net/) သူကတော့ အမျိုးသားပါ။ ကွန်ပျူတာ နည်းပညာအကြောင်းကို ပင်တိုင် ရေးပါတယ်။
တချို့ Blog တွေကတော့ အုပ်စု စုပြီး ရေးတဲ့ Blog တွေပါ။ ၀ါသနာတူရာတွေ စုပြီး ရေးထားတာပါ။
http://www.myanmartutorials.com/
Blog နဲ့ ပတ်သတ်ပြီး အကူအညီပေးနေတဲ့ နေရာတွေလည်း ရှိနေပါတယ်။
http://mmbloggershelpdesk.blogspot.com/
http://mmwordpress.com/
အခြားခြားသော Blog ရေးပြိး ထင်ရှားသူတွေ၊ ထင်ရှားတဲ့ အုပ်စုတွေ အများကြီးရှိနေပါပြီ။
သူတို့ တွေအားလုံးမှာ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်- မျှဝေပေးဖို့ ပါပဲ။
သင့် မျှဝေပေးဖို့  ဆန္ဒရှိပါသလား။
သင့်မှာ မျှဝေပေးဖို့  အကြောင်းအရာ ရှိပါသလား။
Blog ရေးပါ။
I'll always remember you.(Hannah Montana)
I'll always remember you.
တကယ်လို့ တစ်နေ့နေ့မှာ.....
တကယ်လို့ တစ်နေ့နေ့မှာ
ငါ့ဖုန်းကိုနင်ဆက်တဲ့အခါ နံပါတ်ပိတ်သွားပြီဆိုတဲ့အသံကို နင်ကြားခဲ့ရင် စိတ်မကောင်းမဖြစ်ပါနဲ့၊
စိတ်မထိခိုက်ပါနဲ့၊ ငါ့ကို လွမ်းမသွားပါနဲ့.... ငါဆိုတဲ့လူတစ်ယောက်ရှိခဲ့ဖူးမှန်း ပိုလို့တောင် သတိမရပါနဲ့။
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ဖုန်း မကြာခဏ မမြည်တော့တဲ့အခါ ကျေးဇူးပြုပြီး မစောင့်ပါနဲ့၊ မမျှော်လင့်ပါနဲ့.... ငါကိုရှာဖွေဖို့ ပိုလို့တောင် မစဉ်းစားပါနဲ့။ ဒါမှပဲ နင့်ကိုငါ စိတ်ချလက်ချ ခွဲသွားရက်မှာမို့ပါ...
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ဘေးမှာ "ရှုပ်လိုက်တာ"၊ "မုန်းစရာကြီး"လို့ တပျစ်တောက်တောက် ပြောတဲ့လူမရှိတော့တဲ့အခါ၊
ငါပြောတာတွေက အမြဲမှန်တယ်လို့ပြောတဲ့ ခေါင်းမာသူ မရှိတော့တဲ့အခါ၊
နင်အပေါ် ကြမ်းကြမ်းတမ်းတမ်း ဒေါသထွက်တဲ့သူ မရှိတော့တဲ့အခါ၊
ဖုန်းကြာကြာပြောချင်တယ်လို့ တောင်းဆိုတဲ့သူ မရှိတော့တဲ့အခါ၊
ဖုန်းမချခင် ချစ်စရာစကားလေးပြောပါ၊ အနမ်းလေးပေးပါလို့ ပူဆာတဲ့သူ မရှိတော့တဲ့အခါ....
ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ရဲ့Inboxထဲ နင်ဘယ်အချိန်အိမ်ပြန်မလဲ? အိမ်ရောက်ဖို့ ဘယ်နှမိနစ်လို့လဲလို့ သနားကမားနဲ့ စာတိုလေးပို့တဲ့သူ မရှိတော့တဲ့အခါ၊ ငါ့ကိုစကားပြန်မပြောရင် နင့်ကိုငါ မခေါ်တော့ဘူးလို့ ပြောတဲ့သူ မရှိတော့တဲ့အခါ၊
"ဟင့်.. မောင်နော်"လို့ ချွဲချွဲနွဲ့နွဲ့ အပြစ်တင်တဲ့သူ မရှိတော့တဲ့အခါ၊
အမှားလုပ်ပြီးမှ ငါနောင်တရလိုက်တာလို့ ကိုယ့်ကိုယ်အပြစ်ပေးတဲ့သူ မရှိတော့တဲ့အခါ၊
စကားတတွတ်တွတ် ပြောတဲ့သူ မရှိတော့တဲ့အခါ၊
အပြစ်မရှိ အပြစ်ရှာတဲ့သူ မရှိတော့တဲ့အခါ၊
နင်ပြောသမျှ အထာကောက်ပြီး စိတ်တိုတဲ့သူ မရှိတော့တဲ့အခါ....
ဒီလိုလူမျိုး နင့်အနား လုံးဝပျောက်ကွယ်သွားတဲ့တစ်နေ့ နင်ကြေကွဲဝမ်းနည်းမလား?
အဲဒီလိုနေ့မျိုးရှိခဲ့ရင် နင်စိတ်လေး နည်းနည်းတော့ ထိခိုက်စေချင်တယ်။
နည်းနည်းတော့ နာကျင်စေချင်တယ်။
ငါ့ကို နည်းနည်းတော့ သတိရစေချင်တယ်။
ငါနဲ့ပတ်သက်တဲ့အရာတွေ နင်အတွေးထဲ နည်းနည်းလေးရှိစေချင်တယ်။
တကယ် နည်းနည်းလေးမှ နည်းနည်းလေးပါ...
တကယ်လို့ တစ်နေ့နေ့မှာ
နင့်နေ့စဉ်ဘဝထဲ ငါမရှိတော့တဲ့အခါ နင့်အပေါ်ငါကောင်းခဲ့၊ ဆိုးခဲ့၊ ခေါင်းမာခဲ့တာကို မှတ်ထားပေးပါ။
ငါ့ရဲ့ခွင့်လွှတ်ခြင်း၊ ဂရုစိုက်ခြင်းတွေကို မှတ်ထားပေးပါ။
ငါ့ရဲ့ ကလေးကလားစကား၊ တုံးတိတုံးအစကား၊ အရူးစကား၊ စိတ်ထိခိုက်ချိန် ကျခဲ့တဲ့မျက်ရည်၊ အကူအညီမဲ့ချိန် အားငယ်တဲ့စကားတွေကို မှတ်ထားပေးပါ။ ကမ္ဘာရဲ့ထောင့်တစ်နေရာစီမှာ ငါတို့တွေ ရှိနေကြတယ်ဆိုပေမယ့် ငါတို့ရဲ့ဦးခေါင်းထက်မှာ တိမ်ပြာပြာကောင်းကင် တစ်ခုထဲရှိတယ်၊ ခြေဖဝါးအောက်မှာ နင်းထားတဲ့မြေပြင် တစ်ခုထဲရှိတယ်၊ လေထုတစ်ခုထဲကိုပဲ ငါတို့ရှုရှိုက်နေတယ်ဆိုတာကိုလည်း မှတ်ထားပေးပါ။ ဒါမှလည်း ငါ့ရနံ့ကို နင်ရှာတွေ့ကောင်း ရှာတွေ့လိမ့်မယ်။
တကယ်လို့ တစ်နေ့နေ့မှာ
နင့်မှတ်ဉာဏ်ထဲ ငါပျောက်သွားတဲ့အခါ နင်နဲ့အတူရှိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို မမေ့လိုက်ပါနဲ့။
ငါ ကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကို မမေ့ပါနဲ့။
ဘာအတွက် ငါပျော်တယ်၊ ဘာအတွက် ငါနာကျင်တယ်ဆိုတဲ့ ငါ့ခံစားချက်ကို မမေ့လိုက်ပါနဲ့။
နင်နဲ့ပတ်သက်သမျှ ဘယ်အရာကိုမှ ငါမေ့လိုက်မှာ မဟုတ်ပါဘူး။
နင့်ရဲ့အကျင့်၊ နင့်မကြိုက်တာတွေ၊ နင့်ရဲ့ ပျော်ရွှင်၊ နာကျင်တဲ့ခံစားချက်တွေ ငါမေ့မှာမဟုတ်ဘူး။
ခံစားချက်ကမ္ဘာထဲမှာ "မျှတ"တဲ့ စကားလုံးမရှိလို့ ဒါတွေအတွက် ငါဂရုမစိုက်ခဲ့ပါဘူး။
နင်နဲ့အတူရှိခဲ့တဲ့ နှစ်တွေ၊ လတွေက ငါ့မှတ်ဉာဏ်ထဲမှာ လှပတဲ့အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါ။
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ဘဝထဲ ငါလုံးဝမရှိတော့တဲ့အခါ ငါ့ရဲ့အရိပ်၊ ငါရှင်သန်ခဲ့ဖူးတယ်ဆိုတာကို မေ့လိုက်ပါ။
နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာ၊ လွမ်းမှာကို ငါမလိုလားလို့ပါ။
ဒါတွေက ငါ့ကိုချစ်လို့၊ ကြိုက်လို့ နင်နာကျင်လွမ်းဆွတ်တာ မဟုတ်မှန်းငါသိတယ်။
ဒါတွေက နေ့တိုင်း နင်ရနေတတ်တဲ့ ငါ့ရဲ့ဖုန်း၊ ငါ့ရဲ့voice message၊ ငါ့ရဲ့နားပူနာဆာ၊ ငါ့ရဲ့မှီတွယ်ချင်စိတ်တွေမှာ နင်အကျင့်ပါနေလို့ပါ။ လူတစ်ယောက်ဟာ သူ့ဘဝထဲမှာ သူမကြိုက်၊ မချစ်တဲ့သူတစ်ယောက်ယောက် ရှင်သန်ခဲ့ဖူးပြီး အဲဒီလူမရှိတော့တဲ့အခါ သူလည်း အနည်းအကျဉ်းတော့ နာကျင်ထိခိုက်တတ်သတဲ့။ ငါဟာ မကြာခဏ သဝန်တိုတတ်၊ ဒေါသထွက်တတ်၊ အတ္တကြီးတတ်ပြီး ငါချစ်တဲ့နင့်ကို တခြားလူလာချစ်မှာ မလိုလားသူဆိုပေမယ့် ငါမရှိတော့တဲ့အခါ နင့်ဘဝပိုသာယာဖို့၊ ပိုပျော်ရွှင်ဖို့ မျှော်လင့်ခဲ့ပါတယ်။
တကယ်လို့ တစ်နေ့နေ့မှာ
နင့်ရဲ့ရှေးဘဝ၊ ဒီဘဝမှာလည်း ငါမရှိတော့တဲ့အခါ၊ အစကတည်းက ဒီလိုအခြေအနေမျိုးကို ရင်ဆိုင်ဖို့ သတ္တိမရှိတဲ့ငါ ဘာဆက်ဖြစ်မလဲ မသိခဲ့ဘူး! နင်ကတော့ နင်ပါပဲ... ထောင့်တစ်နေရာမှာ ပုန်းအောင်းပြီး ဝမ်းနည်းကြေကွဲနေမယ့်ငါ့ကို နင်တွေ့လေမလား! နင့်ဘေးမှာငါမရှိတဲ့ ခံစားချက်ကို နင်ခံစားမိလေမလား! နင့်စိတ်ပျက်ဝမ်းနည်းတဲ့အခါ ငါနှစ်သိမ့်နိုင်တော့မှာ မဟုတ်ဘူး။ နင်စိတ်ထိခိုက်တဲ့အခါ နင်နဲ့လိုက်ပြီး ငါစိတ်ထိခိုက်နိုင်တော့မှာ မဟုတ်ဘူး။ နင်အသဲကွဲတဲ့အခါ နင်နဲ့လိုက်ပြီး ငါကြေကွဲနိုင်တော့မှာ မဟုတ်ဘူး။ အရင်က နင်နဲ့အတူ ငါလိုက်လုပ်ခဲ့သမျှကို နင်လည်းသတိမထားမိခဲ့ပါဘူး။ နင့်မှတ်ဉာဏ်၊ နင့်ဘဝ၊ နင့်ကမ္ဘာထဲမှာ ငါမရှိတော့တဲ့အခါ နင်နည်းနည်းလေးမှ ထိခိုက်မှာမဟုတ်ဘူး။ နည်းနည်းလေးမှ ဝမ်းနည်းမှာမဟုတ်ဘူး။ ငါနဲ့ပတ်သက်သမျှ နည်းနည်းလေးမှ သတိရမှာမဟုတ်ပါဘူး။ ဒါတွေကို ငါကောင်းကောင်းနားလည်ခဲ့ပါတယ်။
ဒီလိုနေ့တစ်နေ့ကို ရောက်လာတဲ့အခါ ဝမ်းနည်းနာကျင်သူ၊ အသဲကြွေသူဟာ ငါပဲဖြစ်ခဲ့ပါတယ်။ ငါဟန်ဆောင်ကောင်းခဲ့တယ်၊ ဘာမှမဖြစ်ခဲ့သလို ငါဟန်ဆောင်ကောင်းခဲ့ပါတယ်။ နင်ပြောခဲ့ဖူးတယ်... နင့်ဘဝမှာ ငါမရှိတော့တဲ့တစ်နေ့ နင်ဘာဖြစ်မယ်ဆိုတာကို နင်မသိဘူးတဲ့! ငါနားလည်ခဲ့ပါတယ်.. တကယ်တော့ ငါမကောင်းတာပါ။ နင့်ဘဝထဲ ငါမဝင်ခဲ့သင့်ဘူး။ နင့်ကမ္ဘာထဲ ငါမရှင်သန်ခဲ့သင့်ဘူး။ နင့်ကို တိတ်တခိုးချစ်၊ အရာရာကို ကျိတ်မှိတ်ခံ၊ နင့်ကို တိတ်တိတ်လေးစောင့်၊ နင့်ကိုတစ်ယောက်ထဲလွမ်းတဲ့သူပဲ ဖြစ်သင့်ခဲ့တာ။ ခုတော့ ဒါတွေကို ငါထုတ်ပြလိုက်တယ်၊ ဖော်ပြလိုက်တယ်။ နင်သိသွားတယ်၊ နားလည်သွားတယ်၊ ခံစားသွားတယ်.... အဲဒီနောက်တော့ နင့်ကိုငါ ခွဲထွက်သွားတယ်။
မနေ့ကရဲ့ရင်းနှီးမှုက ဒီကနေ့မှာတော့ သူစိမ်းဖြစ်ခဲ့ပါတယ်......
မူရင်း... http://www.duwenzhang.com/wenzhang/aiqingwenzhang/shanggan/20080723/13157.html
နိုင်းနိုင်းစနေ (Sunday, June 05, 2011)
ထိုင်းသီချင်း
Thursday, June 30, 2011
သူသတိရရ မရရပေါ့.........။
ဆုံနိုင်ဖို့ကဝေးးးးးးးးးးးးးးးး
ငါတို့ ဝေးသွားရင် ပြန်မဆုံဖြစ်ကြရင် မင်းနှလုံးသားမှာ ငါအမြဲတမ်းရှိပါစေ။
ဝေးသွားတဲ့အခါ.............
ဝေးသွားတဲ့အခါ............
နှလုံးသားမှာ အမြဲတမ်းသတိရနော်.....
.............................
.........................................
.....................(နားထောင်ဖူးတဲ့ သီချင်းလေးတပုဒ်မှ)
အိပ်မက်နှင့်တူသော ချစ်ခြင်းမှ လွန်မြောက်သောအခါ.....
မကြာတော့တဲ့ အချိန်မှာ သူမြန်မာပြည်ကို ပြန်ပါတော့မယ်။
သူ့ရဲ့ ချစ်သူနဲ့ ရွှေလက်တွဲဖို့၊ တာဝန်တွေ ထမ်းဆောင်ဖို့ သူသွားပါတော့မယ်။
သူ့ရင်ထဲမှာ နေဖို့နေရာမရှိတဲ့ခဲ့ ကျမ နေခဲ့ရတော့မယ်။ သူထွက်သွားတော့မယ်။
သူ ရောက်ရှိနေတဲ့အရပ်ကို သူကျောခိုင်းပြီး ပြည်တော်ပြန်တဲ့အခါ သူ့အား ချစ်သောသူများနှင့် သူပြန်လည် တွေ့ဆုံရတော့မယ်။ သူ့အတွက် ကျေနပ်ဝမ်းသာဂုဏ်ယူမိပေမဲ့ ကျမအတွက်က သူဒီနေရာကနေ ထွက်ခွာတာနဲ့ ရှေ့ဆက်လမ်းဆုံကြုံဖို့ ဝေးပီဆိုတာ နားလည်ထားတဲ့အခါ.................
သူပြန်မယ့်နေ့ခါမှာမှ ကောင်းကင်က ဖြူတဲ့တိမ်တွေ ခြသေ့င်္တကောင်လို မာန်ဖီချိန်းပြီး တိမ်ညိုတွေ အဖြစ် အသွင်ပြောင်းပြီး မိုးတွေ ရွာနေသလို ထာဝရဝေးကြလေပြီဆိုတဲ့ အတွေးကမြစ်ဖျားခံတဲ့ ကျမမျက်ဝန်းတွေမှာလဲ..............
ထိုအိပ်မက်မှ နိုးထလွန်မြောက်လေသောအခါ အိပ်မက်သူမှာ ရော်ရွက်ပမာ ကြွေလွင့်တော့မယောင် ခြောက်ခြား တုန်လှုပ်လျက် အို....မသွားပါနဲ့ အိပ်မက်အရှင်ရယ်လို့ ငိုယိုတမ်းတသောငြား အိမ်မက်အရှင်မှာ အိပ်မက်နှင့်အတူ အခိုးအငွေ့ပမာ ပျောက်ကွယ်သောအခါ အိပ်မက်သူမှာ အရူးတယောက်ပမာ..........။
Sunday, June 26, 2011
အပြုံးလေးတော့ သဒ္ဒါလှည့်ပါ။
ဒီနေ့ အွန်လိုင်းပေါ် လှည့်ရင်း ပတ်ရင်း အမှတ်မထင် သူ့ဓာတ်ပုံကို သူ့သူငယ်ချင်းတွေရဲ့ဝေါလ်မှာ အမှတ်မထင် တွေ့ခဲ့ပါတယ်။ သူ့ကို တွေ့တိုင်း ကျမ ငိုင်သွားရတုန်းပါပဲ။ စခဲ့ကတည်းကလဲ မဖြစ်နိုင်တာ သိခဲ့ရက်နဲ့ သွားနိုင်သလောက် အတိုင်းအတာလေး အတူတူနားလည်မှုနဲ့သွားခဲ့ပေမဲ့ သံယောဇဉ်တွေ နယ်မကျွံခင် လမ်းခွဲဖို့ သူကပဲ ဆုံးဖြတ်ခဲ့တဲ့အခါ ကျမ သူ့ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်ခဲ့ပြန်ပါဘူး။ နှလုံးသားထဲ အရမ်းရောက်နေတဲ့သူ့ရဲ့ ဆုံးဖြတ်ချက် အားလုံးကို ကျမ လေးစားလိုက်နာခဲ့ပါတယ်။ ရည်ရွယ်ချက်က တခုတည်းပါ။ သူစိတ်ပျော်ရွှင်ဖို့ သူစိတ်မကျဉ်းကျပ်ဖို့ရာပါ။ လှိုင်းထနေတဲ့ခံစားချက်တွေကို လေအငြိမ် အနည်ထိုင်ဖို့ လပေါင်းများစွာ အချိန်ယူခဲ့ပေမဲ့ ခုလို သူနဲ့မဟုတ်သေးပဲ သူ့ပုံလေးတွေ့တာတောင် ကျမ အခြားအရာတွေကို မေ့ပြီး အရုပ်ကျိုးပြတ် အငိုက်မိတုန်းပါ။ သူနဲ့ပတ်သတ်ပြီး ကျမ စီမံကိန်းဆွဲထားခဲ့တာတွေ ရည်ရွယ်ခဲ့တာတွေ အားလုံးကို သဲထဲရေသွန် ထားခဲ့ပြီး သူဆုံးဖြတ်ချက်ကို နာခံလက်ခံခဲ့တဲ့နောက်ပိုင်း သူကတော့ ချစ်သူအသစ်နဲ့ သူ့ကမ္ဘာအသစ်မှာ သူပျော်နေခဲ့ပြီး ကမ္ဘ္ဘာဟောင်းမှာ ကျမကတော့ မကျက်နိုင်တဲ့ အနာခပ်နက်နက်နဲ့ ကျန်ခဲ့ပေမဲ့ အဲဒီနာကျင်မှုဝေဒနာကိုလဲ ကျေနပ်စွာခံယူခဲ့ပါတယ်။ ဒီနေ့ အမှတ်မထင် ကျမသူ့ပုံကို တွေ့ခဲ့သလို တနေ့နေ့ တချိန်ချိန် အခါအခွင့်ကြုံလို့ လမ်းကြုံလို့ ကံကြမ္မာမျက်စိမှောက်လို့ ကျမတို့ ၂ယောက်ဆုံခဲ့လို့ သူ့ဘေးမှာ သူကိုယ်တိုင်ရွေးချယ်ထားတဲ့ သူ့ဘ၀ကြင်ဖော်ပါသည့်တိုင်အောင် ကျမကို မြင်တဲ့အခါ နှုတ်မဆက်တောင် အသိအမှတ်ပြု အပြုံးလေးတပွင့်သာ သဒ္ဒါမယ်ဆို ကြေမွသွားတဲ့ ကျမနှလုံးသားနဲ့ သူ့အပြုံးတပွင့်ကို ကျမ ညီမျှခြင်းထိုးနိုင်ပါတယ်ဆိုတာ သူသာသိမယ်ဆိုရင်..........................
Friday, June 24, 2011
လူတစ်ယောက်နှင့် အချက် ၃ ချက်
လူတစ်ယောက် အဖြူ၊ အမဲ ဘယ်သူဖြစ်ဖြစ်-
လူတစ်ယောက်ဆီ တစ်ခါ၊တစ်ခေါက် အရောက်လာပြီး – နောက်တစ်ကြိမ် ပြန်ရောက်လာဖို့  ခဲယဉ်းတဲ့ အရာ ၃ ခု -
1. အချိန်
2. စကားလုံး
3. အခွင့်အရေး
လူတစ်ယောက်မှာ အမြဲတမ်း ရှိနေသင့်တဲ့ အချက် ၃ ချက် -
1. မျှော်လင့်ချက်
2. ရိုးသားခြင်း
3. အေးချမ်း တည်ငြိမ်ခြင်း
လူတစ်ယောက်ရဲ့ ဘ၀မှာ တန်ဖိုးထားသင့်သော အချက် ၃ ချက် -
1. ချစ်ခြင်းမေတ္တာ
2. မိတ်ကောင်း၊ ဆွေကောင်း
3. မိမိ၏ အပြူအမှု၊ ကိုယ်ကျင့်တရား
လူတစ်ယောက်ရဲ့ ဘ၀မှာ မသေချာသော အချက် ၃ ချက် -
1. အောင်မြင်မှု
2. အိမ်မက်
3. မနက်ဖြန်
လူအများက လက်ခံနိုင်သော လူကောင်းတစ်ယောက် ဖြစ်ဖို့ အချက် ၃ ချက်-
1. ပွင့်လင်းစွာ ရိုးသားခြင်း
2. အလုပ်ကျိုးစားခြင်း
3. ကိုယ်ချင်းစာနာမှုဖြင် သူတပါးကို ဂရုဏာထားခြင်း
လူတစ်ယောက်ကို ပျက်စီးဆုတ်ယုတ်စေသော အချက် ၃ ချက် -
1. မာန်မာန ကြီးခြင်း
2. လောဘ ကြီးခြင်း
3. ဒေါသ ကြီးခြင်း
လူတစ်ယောက်ကို ကယ်တင်ပေးနိုင်သော အချက် ၃ ချက် -
1. ကိုယ့်ပြုခဲ့ဖူးသော စေတနာ
2. ခိုင်မာသော ယုံကြည်ချက်
3. ခိုင်မာသော မျှော်လင့်ချက်
ဘ၀မှာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်.
ဖိုးသူတော်ပြောပြတဲ့ ပုံပြင် (၂)
မင်းခိုက်စိုးစန်
တစ်ခါတုန်းက
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ခက်တာက သူ့တို့နေတဲ့ အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ မီးဖို တစ်လုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံ ပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကျရင်  ဟိုအိမ် ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစားရတယ်ဆိုပဲ။
တစ်နေ့လည်းမဟုတ်၊ နှစ်နေ့လည်းမဟုတ်၊ နေ့တိုင်းနေ့တိုင်း၊ မနက်စာတောင်းလိုက်၊ ညစာတောင်းလိုက်နဲ့ ဆိုတော့ပေးရတဲ့ အိမ်တွေကလည်း ငြိုငြင်လာတယ်။
“ခင်ဗျားတို့ကလည်းဗျာ။ တစ်သတ်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့မှာလား။ ကိုယ့်ဘာသာကိုယ်လည်း ချက်စားကြဦးမှပေါ့” လူတွေကပြောကြတဲ့အခါ
သိပ္ပံပညာရှင်တွေက “ချက်တော့ စားချင်ပါတယ်ဗျာ။ ဒါပေမယ့် မီးဖိုချောင်မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျာ။ ဒါမှမဟုတ်။ ခင်ဗျားတို့လည်း သိပ္ပံပညာရှင်တွေပဲ..ကိုယ့်ဘာသာကိုယ် မီးဖိုလေးတစ်လုံးလောက် ဖြစ်အောင် မလုပ်တတ်ကြဘူးလား” လူတွေကအကြံပေးကြသတဲ့
ဒီလိုအပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီ…
“ငါတို့အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်တယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောင်ကြမယ်ပေါ့။ ဒီလိုနဲ့အားလုံး သဘောတူလိုက်ကြတယ်။
မီးဖိုကြီးမပြီးခင်မှာပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။
“ကျုပ်တို့လုပ်တဲ့ မီးဖိုက သိပ်ပြီးကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေတပ်ဖြစ်သွားတယ်။
အဲဒီမှာတင် နောက်တစ်ယောက်က..
“ဘီးတွေချည်းပဲ ရှိနေရင် မီးဖိုကို ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေတပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“ စက်လည်းတပ်ပြီးပြီ၊ ဘီးတွေလည်း ရှိပြီ။ မောင်းလို့လည်း ရနေပြီဆိုတော့.. တစ်ခါတည်း လူတွေပါလိုက်စီးလို့ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။
ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီးဖြစ်သွားရော။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခုဆောက်နေတယ် ကြားလို့ လာကြည့်တဲ့ လူတစ်ယေက်က-
အဲဒီမီးဖိုလည်း မြင်ရော ရင်သပ်ရှုမောဖြစ်သွားပြီး……..
“အို… အံ့မခန်းလက်ရာပဲ” လို့ ချီးကျူးတယ်။ အဲဒီလူကစပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူမှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါရောတဲ့။
ကြည့်တဲ့သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံတွေကြားလေလေ..
သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရလာလေလေ.. သူတို့ လက်စွမ်းကို ပြချင် လာလေလေပေါ့။
ဒါနဲ့ သိပ္ပံပညာရှင်တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲတပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ၊ အိမ်သာတွေကိုပါ အလိုအလျောက် စနစ်နဲ့ ဖွဲ့စည်းပြောင်းလဲလို့ရအောင်တပ်ဆင်လိုက်တယ်။
နောက်တစ်ယောက်ကတော့ လေဖိအားသုံးစနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ဒါအပြင် မီးဖိုကြီးဟာ မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေးနိုင်တယ်။
တတိယ သိပ္ပံပညာရှင်ကတော့ မီးဖိုကြီးအတွင်းမှာ ကွန်ပျူတာတစ်လုံး ဆင်လိုက်တယ်။ သိချင်တဲ့ ပြဿနာမှန်သမျှကို အဲဒီကွန်ပျူတာက အဖြေပေးနိုင်တယ်ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ်… တဲ့။
လူတွေက မီးဖိုကြီးရဲ့ ကွန်ပျူတာ ဗေဒင်ဟာ သိပ်မှန်တာပဲလို့ ချီးမွမ်းကြတယ်။
နောက်ဆုံးတော့.. မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာအထူးခြားအဆန်းသစ်ဆုံး အပြည့်စုံဆုံး မီးဖိုကြီးပါ။
ချွတ်ယွင်းချက်ကလေး တစ်ခုပဲ ရှိတယ်
အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး… တဲ့။
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ ဟင်းတွေ လိုက်တောင်းစားနေရတာပါပဲတဲ့။
ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒါပါပဲ။
ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး စဉ်းစားနေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်….” လို့။
ဖိုးသူတော်ပြောပြတဲ့ ပုံပြင် (၂)
မင်းခိုက်စိုးစန်
-
ကျွန်တော်လည်း စဉ်းစားမိတယ်။
အချစ်ကို လိုချင်ပါတယ်- ဆိုပြီးချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့ပါသလား။
ချစ်ခြင်းမေတ္တာကို ဗန်းပြ အမည်တပ်ပြီး အပိုစာသားတွေပဲ တည်ဆောက်ခဲ့ပါသလား။
အောင်မြင်မှုကို လိုချင်ပါတယ်ဆိုပြီး – အောင်မြင်မှုနောက်ကိုလျှောက်လှမ်းခဲ့ပါသလား။
အောင်မြင်မှုအတွက် လို့  ခေါင်းစဉ်တပ်ပြီး အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ခဲ့ပါသလား။
ကျေးဇူးတင်ပါတယ် ဆိုပြီး ကျေးဇူးဆပ်ခဲ့ပါသလား။
ကျေးဇူးပါပဲ စကားကိုတည်လဲသုံးပြီး တစ်ရစ်ပြီးတစ်ရစ် စားသုံးခြင်းသာပြုခဲ့ပါသလား။
တည်ဆောက်ရင်း .  .တည်ဆောက်ရင်း . ဘေးနားက မြှောက်ပြောတဲ့အခါ ၊ ခြောက်ပြောတဲ့အခါ – အပိုစာသားတွေ ထပ်ကာထပ်ကာထည့်ရင်း
ကျွန်တော်တို့ တည်ဆောက်နေတဲ့ မီးဖိုကြီးဟာ မီးမွှေးလို့ ရနေပြီလား။
ဒါမှမဟုတ်ခဲ့ရင်
ဘ၀မှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်။
KoKTH
အကောင်းဆုံးကျောင်း (ဘာသာပြန် ၀တ္ထုတို)
မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ၀န်းရံလာတယ်။
‘ဘယ်လောက် ရယ်စရာကောင်းတဲ့ အဘိုးအိုကြီးလဲ’
ကလေးတယောက်က အော်ဟစ်ပြီး လှောင်ပြောင်တယ်။
‘ဟေ့၊ ဖက်တီး’
နောက်ကလေးတယောက်က ထပ်အော်ပြန်တယ်။
ကစားကွင်းထဲမှာ ရှိတဲ့ ကလေးတွေဟာ မြေးအဘိုးနှစ်ယောက်ကို လှောင်ပြောင်ရင်း ခုန်ပေါက် နေကြတယ်။ မကြာပါဘူး။ ခေါင်းလောင်းသံလဲကြားရော၊ ကလေးတွေအားလုံး စာသင်ခန်း ရှိရာကို ပြေးကြတော့တာပဲ။
အဘိုးအိုက မြေးလေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ကျောင်းပြင်ကို ခေါ်ထွက် လာတယ်။
‘ကောင်းလိုက်တာ၊ ကျောင်းမသွားရတော့ဘူး’
မြေးလေးက ၀မ်းသာအားရ ပြောတယ်။
‘ကျောင်းသွားရမှာပါ၊ ဒါပေမယ့် ဒီကျောင်းတော့ မဟုတ်ဘူး’
အဘိုးအိုက ပြန်ပြောလိုက်တယ်။ ပြီးတော့
‘မြေးလေးတက်ရမယ့် ကျောင်းကို အဘိုးကိုယ်တိုင် ရှာမယ်’
အဘိုးအိုက ဆက်ပြောလိုက်ပြီး၊ မြေးလေးကို အိမ်ပြန်ခေါ်သွားတယ်။ အိမ်ရောက်တော့ မြေးလေးရဲ့ အဖွားကို ကလေးထိန်းခိုင်းပြီး၊ အဘိုးအိုက ကျောင်းရှာပုံတော် ဖွင့်တော့တယ်။
ကျောင်းတကျောင်းကို တွေ့တိုင်း ကစားကွင်းထဲကို သွားပြီး၊ ကလေးတွေ ကစားဆင်းလာမယ့် အချိန်ကို စောင့်ဆိုင်းတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေက အဘိုးအိုကို လုံးဝဂရုမစိုက်ကြဘူး။ တချို့ ကျောင်းတွေကျတော့ ကလေးတွေက အဘိုးအိုကို လှောင်ပြောင်ရယ်မောကြတယ်။ ဒီလိုတွေ့ကြုံရတဲ့ အခါတိုင်း အဘိုးအိုဟာ ၀မ်းနည်းစွာနဲ့ အိမ်ကို ပြန်သွားတတ်တယ်။
ဒီလိုနဲ့ တနေ့မှာတော့ ကျောင်းသေးသေးလေး တခုရဲ့ ကစားကွင်းလေးထဲကို အဘိုးအို ရောက်သွားတယ်။ အဘိုးအိုက ခြံစည်းရိုးမှာ ချိနဲ့မောပန်းဟန်နဲ့ မှီနေလိုက်တယ်။ ခေါင်းလောင်းထိုးသံ ထွက်လာတော့ ကလေးတွေက ကစားကွင်းထဲကို အပြေးအလွှား ရောက်လာပါလေရော။
‘အဘိုး၊ နေကောင်းရဲ့လား။ ရေတခွက် ယူလာပေးရမလား’
အသံတသံက ထွက်ပေါ်လာတယ်။
‘ကစားကွင်းထဲမှာ ခုံတန်းရှည်လေး ရှိတယ်။ လာထိုင်ပါလား’
နောက်ထပ် အသံတသံက ထွက်ပေါ်လာတယ်။
မကြာခင်မှာပဲ ဆရာတယောက် ကစားကွင်းထဲကို ရောက်လာတယ်။ အဘိုးအိုက ဆရာ့ကို နှုတ်ဆက်လိုက်ပြီး
‘မြေးလေးအတွက် အကောင်းဆုံး ကျောင်းကို ရှာတွေ့ပြီ’ လို့ ပြောလိုက်တယ်။
‘အဘိုးမှားနေပြီ။ ကျွန်တော်တို့ကျောင်းက အကောင်းဆုံး ကျောင်း မဟုတ်ပါဘူး။ အလွန်သေးငယ်တဲ့ ကျောင်းလေးတကျောင်းပါ’
ဆရာ့စကားကို အဘိုးအိုက ပြန်ပြီး မငြင်းတော့ပါဘူး။ မြေးလေးကို ကျောင်းအပ်ဖို့အရေးကို ဆရာနဲ့ စီစဉ်ပြီး၊ ပြန်ထွက်လာတယ်။
ညနေခင်းမှာ ကလေးရဲ့ အမေက အဘိုးအိုကို ပြောတယ်။
‘အဖေ။ အဖေက စာဖတ်တတ်တာလဲ မဟုတ်ဘူး။ အကောင်းဆုံးကျောင်းနဲ့ ဆရာကို ရှာတွေ့တယ်လို့ ဘယ်လိုသိသလဲ’
အဘိုးအို ပြန်ဖြေလိုက်တာက
‘ဆရာတယောက်ရဲ့ အရည်အချင်းကို ကျောင်းသားတွေနဲ့ အကဲဖြတ်ရတယ်’
မူရင်းစာရေးသူ- A.Lopatina and M.Skrebtsova (Wise Short Tales)
ဘာသာပြန်သူ- ခင်မမမျိုး (၁၄၊ ၄၊ ၂၀၁၁)
Wednesday, June 22, 2011
ရင်ခွင်
နွေးထွေးစေမယ်ဆိုလို့
ရင်ခွင်တစုံကို ခိုဝင်ခဲ့ဖူးပါတယ်။
ခုတော့ မိုးရေထဲမှာ
ငါ.............တယောက်တည်း။