THOUSANDS OF FREE BLOGGER TEMPLATES

Tuesday, July 12, 2011

နင်.....လုပ်ရက်တယ်။

ငါဟာ ခံစားလွယ်သူ
ရူးသွပ်သူ ဆိုတာ နားလည်ရဲ့ သိလျက်သားနဲ့
နင်မုသားတွေ သုံးရက်တယ်။

ငါဟာ ယုံလွယ်တယ်
ခံစားချက်ပျော့ပြောင်းသူ ဆိုတာကို နင်သိလျက်နဲ့
ငါ့ကို ညာရက်တယ်။

ငါဟာ အချစ်နဲ့ပတ်သတ်ပြီး
တခါသေဖူးသူဆိုတာ သိလျက်နဲ့
နင် ငါ့ကို လှည့်စားရက်ပြန်တယ်။

ပျော်ရွှင်ခဲ့ ရတဲ့ နေ့တွေ အိပ်မက်တခုလိုေ၀၀ါးသွားခဲ့ တယ်
မမျှော်လင့်တဲ့ ဟန်ဆောင်မှုတွေနဲ့ နင်လုပ်ရက်မယ် ငါမတွေးခဲ့ဘူး
အဝေးက ၀ိုးတ၀ါး ကောင်းကင်ကို လက်လှမ်းဖို့ ကြိုးစားခဲ့တဲ့ ငါအမှားပဲ
နင့်ရဲ့ အနားကို လာဖို့ အတွက် ပေးဆပ်ခဲ့တဲ့ မာန သိက္ခာတွေ အလကားပဲ
အဲဒီအရာတွေဟာ ပေးဆပ်လိုက်ပြီးရင် ဘယ်တော့မှအကောင်းအတိုင်း မဖြစ်နိုင်တော့ဘူးဆိုတာ နင်သိတယ်။

ဘာတဲ့ .........ရင်ဘတ်တဲ့ ဟုတ်လား။
ဘာတဲ့ ........အရောင်မရှိတဲ့ တိမ်ဟုတ်လား..။
သွားစမ်းပါကွာ အပေါစား ရင်ခုန်သံအတုတွေကို ထားခဲ့ လိုက်ပါတော့။

No comments:

Post a Comment