THOUSANDS OF FREE BLOGGER TEMPLATES
Thursday, June 30, 2011
သူသတိရရ မရရပေါ့.........။
ဆုံနိုင်ဖို့ကဝေးးးးးးးးးးးးးးးး
ငါတို့ ဝေးသွားရင် ပြန်မဆုံဖြစ်ကြရင် မင်းနှလုံးသားမှာ ငါအမြဲတမ်းရှိပါစေ။
ဝေးသွားတဲ့အခါ.............
ဝေးသွားတဲ့အခါ............
နှလုံးသားမှာ အမြဲတမ်းသတိရနော်.....
.............................
.........................................
.....................(နားထောင်ဖူးတဲ့ သီချင်းလေးတပုဒ်မှ)
အိပ်မက်နှင့်တူသော ချစ်ခြင်းမှ လွန်မြောက်သောအခါ.....
မကြာတော့တဲ့ အချိန်မှာ သူမြန်မာပြည်ကို ပြန်ပါတော့မယ်။
သူ့ရဲ့ ချစ်သူနဲ့ ရွှေလက်တွဲဖို့၊ တာဝန်တွေ ထမ်းဆောင်ဖို့ သူသွားပါတော့မယ်။
သူ့ရင်ထဲမှာ နေဖို့နေရာမရှိတဲ့ခဲ့ ကျမ နေခဲ့ရတော့မယ်။ သူထွက်သွားတော့မယ်။
သူ ရောက်ရှိနေတဲ့အရပ်ကို သူကျောခိုင်းပြီး ပြည်တော်ပြန်တဲ့အခါ သူ့အား ချစ်သောသူများနှင့် သူပြန်လည် တွေ့ဆုံရတော့မယ်။ သူ့အတွက် ကျေနပ်ဝမ်းသာဂုဏ်ယူမိပေမဲ့ ကျမအတွက်က သူဒီနေရာကနေ ထွက်ခွာတာနဲ့ ရှေ့ဆက်လမ်းဆုံကြုံဖို့ ဝေးပီဆိုတာ နားလည်ထားတဲ့အခါ.................
သူပြန်မယ့်နေ့ခါမှာမှ ကောင်းကင်က ဖြူတဲ့တိမ်တွေ ခြသေ့င်္တကောင်လို မာန်ဖီချိန်းပြီး တိမ်ညိုတွေ အဖြစ် အသွင်ပြောင်းပြီး မိုးတွေ ရွာနေသလို ထာဝရဝေးကြလေပြီဆိုတဲ့ အတွေးကမြစ်ဖျားခံတဲ့ ကျမမျက်ဝန်းတွေမှာလဲ..............
ထိုအိပ်မက်မှ နိုးထလွန်မြောက်လေသောအခါ အိပ်မက်သူမှာ ရော်ရွက်ပမာ ကြွေလွင့်တော့မယောင် ခြောက်ခြား တုန်လှုပ်လျက် အို....မသွားပါနဲ့ အိပ်မက်အရှင်ရယ်လို့ ငိုယိုတမ်းတသောငြား အိမ်မက်အရှင်မှာ အိပ်မက်နှင့်အတူ အခိုးအငွေ့ပမာ ပျောက်ကွယ်သောအခါ အိပ်မက်သူမှာ အရူးတယောက်ပမာ..........။
Sunday, June 26, 2011
အပြုံးလေးတော့ သဒ္ဒါလှည့်ပါ။
ဒီနေ့ အွန်လိုင်းပေါ် လှည့်ရင်း ပတ်ရင်း အမှတ်မထင် သူ့ဓာတ်ပုံကို သူ့သူငယ်ချင်းတွေရဲ့ဝေါလ်မှာ အမှတ်မထင် တွေ့ခဲ့ပါတယ်။ သူ့ကို တွေ့တိုင်း ကျမ ငိုင်သွားရတုန်းပါပဲ။ စခဲ့ကတည်းကလဲ မဖြစ်နိုင်တာ သိခဲ့ရက်နဲ့ သွားနိုင်သလောက် အတိုင်းအတာလေး အတူတူနားလည်မှုနဲ့သွားခဲ့ပေမဲ့ သံယောဇဉ်တွေ နယ်မကျွံခင် လမ်းခွဲဖို့ သူကပဲ ဆုံးဖြတ်ခဲ့တဲ့အခါ ကျမ သူ့ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်ခဲ့ပြန်ပါဘူး။ နှလုံးသားထဲ အရမ်းရောက်နေတဲ့သူ့ရဲ့ ဆုံးဖြတ်ချက် အားလုံးကို ကျမ လေးစားလိုက်နာခဲ့ပါတယ်။ ရည်ရွယ်ချက်က တခုတည်းပါ။ သူစိတ်ပျော်ရွှင်ဖို့ သူစိတ်မကျဉ်းကျပ်ဖို့ရာပါ။ လှိုင်းထနေတဲ့ခံစားချက်တွေကို လေအငြိမ် အနည်ထိုင်ဖို့ လပေါင်းများစွာ အချိန်ယူခဲ့ပေမဲ့ ခုလို သူနဲ့မဟုတ်သေးပဲ သူ့ပုံလေးတွေ့တာတောင် ကျမ အခြားအရာတွေကို မေ့ပြီး အရုပ်ကျိုးပြတ် အငိုက်မိတုန်းပါ။ သူနဲ့ပတ်သတ်ပြီး ကျမ စီမံကိန်းဆွဲထားခဲ့တာတွေ ရည်ရွယ်ခဲ့တာတွေ အားလုံးကို သဲထဲရေသွန် ထားခဲ့ပြီး သူဆုံးဖြတ်ချက်ကို နာခံလက်ခံခဲ့တဲ့နောက်ပိုင်း သူကတော့ ချစ်သူအသစ်နဲ့ သူ့ကမ္ဘာအသစ်မှာ သူပျော်နေခဲ့ပြီး ကမ္ဘ္ဘာဟောင်းမှာ ကျမကတော့ မကျက်နိုင်တဲ့ အနာခပ်နက်နက်နဲ့ ကျန်ခဲ့ပေမဲ့ အဲဒီနာကျင်မှုဝေဒနာကိုလဲ ကျေနပ်စွာခံယူခဲ့ပါတယ်။ ဒီနေ့ အမှတ်မထင် ကျမသူ့ပုံကို တွေ့ခဲ့သလို တနေ့နေ့ တချိန်ချိန် အခါအခွင့်ကြုံလို့ လမ်းကြုံလို့ ကံကြမ္မာမျက်စိမှောက်လို့ ကျမတို့ ၂ယောက်ဆုံခဲ့လို့ သူ့ဘေးမှာ သူကိုယ်တိုင်ရွေးချယ်ထားတဲ့ သူ့ဘ၀ကြင်ဖော်ပါသည့်တိုင်အောင် ကျမကို မြင်တဲ့အခါ နှုတ်မဆက်တောင် အသိအမှတ်ပြု အပြုံးလေးတပွင့်သာ သဒ္ဒါမယ်ဆို ကြေမွသွားတဲ့ ကျမနှလုံးသားနဲ့ သူ့အပြုံးတပွင့်ကို ကျမ ညီမျှခြင်းထိုးနိုင်ပါတယ်ဆိုတာ သူသာသိမယ်ဆိုရင်..........................
Friday, June 24, 2011
လူတစ်ယောက်နှင့် အချက် ၃ ချက်
လူတစ်ယောက် အဖြူ၊ အမဲ ဘယ်သူဖြစ်ဖြစ်-
လူတစ်ယောက်ဆီ တစ်ခါ၊တစ်ခေါက် အရောက်လာပြီး – နောက်တစ်ကြိမ် ပြန်ရောက်လာဖို့  ခဲယဉ်းတဲ့ အရာ ၃ ခု -
1. အချိန်
2. စကားလုံး
3. အခွင့်အရေး
လူတစ်ယောက်မှာ အမြဲတမ်း ရှိနေသင့်တဲ့ အချက် ၃ ချက် -
1. မျှော်လင့်ချက်
2. ရိုးသားခြင်း
3. အေးချမ်း တည်ငြိမ်ခြင်း
လူတစ်ယောက်ရဲ့ ဘ၀မှာ တန်ဖိုးထားသင့်သော အချက် ၃ ချက် -
1. ချစ်ခြင်းမေတ္တာ
2. မိတ်ကောင်း၊ ဆွေကောင်း
3. မိမိ၏ အပြူအမှု၊ ကိုယ်ကျင့်တရား
လူတစ်ယောက်ရဲ့ ဘ၀မှာ မသေချာသော အချက် ၃ ချက် -
1. အောင်မြင်မှု
2. အိမ်မက်
3. မနက်ဖြန်
လူအများက လက်ခံနိုင်သော လူကောင်းတစ်ယောက် ဖြစ်ဖို့ အချက် ၃ ချက်-
1. ပွင့်လင်းစွာ ရိုးသားခြင်း
2. အလုပ်ကျိုးစားခြင်း
3. ကိုယ်ချင်းစာနာမှုဖြင် သူတပါးကို ဂရုဏာထားခြင်း
လူတစ်ယောက်ကို ပျက်စီးဆုတ်ယုတ်စေသော အချက် ၃ ချက် -
1. မာန်မာန ကြီးခြင်း
2. လောဘ ကြီးခြင်း
3. ဒေါသ ကြီးခြင်း
လူတစ်ယောက်ကို ကယ်တင်ပေးနိုင်သော အချက် ၃ ချက် -
1. ကိုယ့်ပြုခဲ့ဖူးသော စေတနာ
2. ခိုင်မာသော ယုံကြည်ချက်
3. ခိုင်မာသော မျှော်လင့်ချက်
ဘ၀မှာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်.
ဖိုးသူတော်ပြောပြတဲ့ ပုံပြင် (၂)
မင်းခိုက်စိုးစန်
တစ်ခါတုန်းက
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အိမ်တစ်အိမ်ထဲမှာ အတူတူ စုပေါင်း နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ခက်တာက သူ့တို့နေတဲ့ အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ မီးဖို တစ်လုံးမှ မရှိဘူး။ ဒါကြောင့် သိပ္ပံ ပညာရှင်ကြီးတွေဟာ ထမင်းစားချိန်ကျရင်  ဟိုအိမ် ဒီအိမ်သွားပြီး ထမင်းနည်းနည်း ဟင်းနည်းနည်း လိုက်တောင်းစားရတယ်ဆိုပဲ။
တစ်နေ့လည်းမဟုတ်၊ နှစ်နေ့လည်းမဟုတ်၊ နေ့တိုင်းနေ့တိုင်း၊ မနက်စာတောင်းလိုက်၊ ညစာတောင်းလိုက်နဲ့ ဆိုတော့ပေးရတဲ့ အိမ်တွေကလည်း ငြိုငြင်လာတယ်။
“ခင်ဗျားတို့ကလည်းဗျာ။ တစ်သတ်လုံး ဒီလိုချည်းပဲ တောင်းစားနေတော့မှာလား။ ကိုယ့်ဘာသာကိုယ်လည်း ချက်စားကြဦးမှပေါ့” လူတွေကပြောကြတဲ့အခါ
သိပ္ပံပညာရှင်တွေက “ချက်တော့ စားချင်ပါတယ်ဗျာ။ ဒါပေမယ့် မီးဖိုချောင်မရှိလို့ပါ”
“မီးဖိုမရှိရင် ၀ယ်ပေါ့ဗျာ။ ဒါမှမဟုတ်။ ခင်ဗျားတို့လည်း သိပ္ပံပညာရှင်တွေပဲ..ကိုယ့်ဘာသာကိုယ် မီးဖိုလေးတစ်လုံးလောက် ဖြစ်အောင် မလုပ်တတ်ကြဘူးလား” လူတွေကအကြံပေးကြသတဲ့
ဒီလိုအပြောခံရတော့ သိပ္ပံပညာရှင် သုံးယောက်ဟာ လေးလေးနက်နက် စဉ်းစားကြပြီ…
“ငါတို့အိမ်မှာ မီးဖိုတစ်လုံးတော့ ရှိဖို့လိုပြီ” လို့ ဆုံးဖြတ်လိုက်တယ်။
ဒါဖြင့် ဘယ်လိုလုပ်မလဲ။ စိတ်တိုင်းကျ ဖြစ်အောင် သူတို့ကိုယ်တိုင် ပုံစံဆွဲပြီး တည်ဆောင်ကြမယ်ပေါ့။ ဒီလိုနဲ့အားလုံး သဘောတူလိုက်ကြတယ်။
မီးဖိုကြီးမပြီးခင်မှာပညာရှင်တစ်ယောက်က အကြံတစ်ခုရလာတယ်။
“ကျုပ်တို့လုပ်တဲ့ မီးဖိုက သိပ်ပြီးကြီးနေတော့ တစ်နေရာက တစ်နေရာကို ရွှေ့လို့လွယ်အောင် ဘီးတွေ တပ်လိုက်ရင် မကောင်းဘူးလား”
အဲဒီ အကြံကြောင့် မီးဖိုအောက်ခြေမှာ ဘီးတွေတပ်ဖြစ်သွားတယ်။
အဲဒီမှာတင် နောက်တစ်ယောက်က..
“ဘီးတွေချည်းပဲ ရှိနေရင် မီးဖိုကို ရွှေ့ချင်တဲ့အခါ တွန်းနေရမှာပေါ့။ ပင်ပန်းပါတယ်။ မောင်းပြီး ယူသွားလို့ ရအောင် မော်တော်ကားလို စက်တပ်လိုက်ရင် မကောင်းဘူးလား”
ဒါနဲ့ပဲ… မီးဖိုမှာ အင်ဂျင်တွေ စက်တွေတပ်ဆင်လိုက်ကြတယ်။ တတိယ သိပ္ပံပညာရှင်က…
“ စက်လည်းတပ်ပြီးပြီ၊ ဘီးတွေလည်း ရှိပြီ။ မောင်းလို့လည်း ရနေပြီဆိုတော့.. တစ်ခါတည်း လူတွေပါလိုက်စီးလို့ရအောင် လုပ်ကြစို့” လို့ အကြံပေးတယ်။
ဒါနဲ့ပဲ မီးဖိုဟာ လူစီးလို့ရတဲ့ ယာဉ်ကြီးဖြစ်သွားရော။
သိပ္ပံပညာရှင်ကြီးတွေ မီးဖိုတစ်ခုဆောက်နေတယ် ကြားလို့ လာကြည့်တဲ့ လူတစ်ယေက်က-
အဲဒီမီးဖိုလည်း မြင်ရော ရင်သပ်ရှုမောဖြစ်သွားပြီး……..
“အို… အံ့မခန်းလက်ရာပဲ” လို့ ချီးကျူးတယ်။ အဲဒီလူကစပြီး သတင်းဖြန့်လိုက်လို့ ကြားရတဲ့သူမှန်သမျှ မီးဖိုကြီးကို ကျိတ်ကျိတ်တိုး လုယက်တိုးဝှေ့ ကြည့်ကြပါရောတဲ့။
ကြည့်တဲ့သူတိုင်းကလည်း မီးဖိုကြီးကို အမျိုးမျိုး ချီးမွမ်းကြတယ်။ ချီးမွမ်းသံတွေကြားလေလေ..
သိပ္ပံပညာရှင်ကြီး တွေကလည်း ပိုပြီး ကျေနပ်အားရလာလေလေ.. သူတို့ လက်စွမ်းကို ပြချင် လာလေလေပေါ့။
ဒါနဲ့ သိပ္ပံပညာရှင်တစ်ယောက်က မီးဖိုကြီးမှာ နောက်တွဲတပ်ပြီး ရေချိုးခန်း၊ ဧည့်ခန်းတွေ၊ အိမ်သာတွေကိုပါ အလိုအလျောက် စနစ်နဲ့ ဖွဲ့စည်းပြောင်းလဲလို့ရအောင်တပ်ဆင်လိုက်တယ်။
နောက်တစ်ယောက်ကတော့ လေဖိအားသုံးစနစ်နဲ့ မီးဖိုကြီးကို စီးပြီး ကောင်းကင်ပေါ် ပျံလို့ရအောင် လုပ်တယ်။ဒါအပြင် မီးဖိုကြီးဟာ မိုးလေ၀သ အခြေအနေကိုလည်း တိုင်းတာပေးနိုင်တယ်။
တတိယ သိပ္ပံပညာရှင်ကတော့ မီးဖိုကြီးအတွင်းမှာ ကွန်ပျူတာတစ်လုံး ဆင်လိုက်တယ်။ သိချင်တဲ့ ပြဿနာမှန်သမျှကို အဲဒီကွန်ပျူတာက အဖြေပေးနိုင်တယ်ဆိုပဲ။ မီးဖိုကြီးကို လာကြည့်ကြတဲ့ လူတွေက မွေးနေ့သက္ကရာဇ်ကို စာရွက်တစ်ရွက်မှာ ရေးပြီး မီးဖိုထဲထည့်လိုက်ရင် ကွန်ပျူတာက ဗေဒင်ဟောပေးတယ်… တဲ့။
လူတွေက မီးဖိုကြီးရဲ့ ကွန်ပျူတာ ဗေဒင်ဟာ သိပ်မှန်တာပဲလို့ ချီးမွမ်းကြတယ်။
နောက်ဆုံးတော့.. မီးဖိုကြီးကို အစစအရာရာ တပ်ဆင်လို့ ပြီးသွားကြတယ်။ ကမ္ဘာပေါ်မှာအထူးခြားအဆန်းသစ်ဆုံး အပြည့်စုံဆုံး မီးဖိုကြီးပါ။
ချွတ်ယွင်းချက်ကလေး တစ်ခုပဲ ရှိတယ်
အဲဒီ မီးဖိုမှာ မီးမွှေးလို့ မရဘူး… တဲ့။
သိပ္ပံပညာရှင်ကြီး သုံးယောက်ဟာ အရင်ကလိုပဲ ထမင်းတွေ ဟင်းတွေ လိုက်တောင်းစားနေရတာပါပဲတဲ့။
ဖိုးသူတော်ကြီး ပြောပြတဲ့ ပုံပြင်ကတော့ ဒါပါပဲ။
ကျွန်တော်ကတော့ ပုံပြင်ကို နားထောင်ပြီး အများကြီး စဉ်းစားနေမိတယ်။
“ဘ၀မှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်….” လို့။
ဖိုးသူတော်ပြောပြတဲ့ ပုံပြင် (၂)
မင်းခိုက်စိုးစန်
-
ကျွန်တော်လည်း စဉ်းစားမိတယ်။
အချစ်ကို လိုချင်ပါတယ်- ဆိုပြီးချစ်ခြင်းမေတ္တာကို တည်ဆောက်ခဲ့ပါသလား။
ချစ်ခြင်းမေတ္တာကို ဗန်းပြ အမည်တပ်ပြီး အပိုစာသားတွေပဲ တည်ဆောက်ခဲ့ပါသလား။
အောင်မြင်မှုကို လိုချင်ပါတယ်ဆိုပြီး – အောင်မြင်မှုနောက်ကိုလျှောက်လှမ်းခဲ့ပါသလား။
အောင်မြင်မှုအတွက် လို့  ခေါင်းစဉ်တပ်ပြီး အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ခဲ့ပါသလား။
ကျေးဇူးတင်ပါတယ် ဆိုပြီး ကျေးဇူးဆပ်ခဲ့ပါသလား။
ကျေးဇူးပါပဲ စကားကိုတည်လဲသုံးပြီး တစ်ရစ်ပြီးတစ်ရစ် စားသုံးခြင်းသာပြုခဲ့ပါသလား။
တည်ဆောက်ရင်း .  .တည်ဆောက်ရင်း . ဘေးနားက မြှောက်ပြောတဲ့အခါ ၊ ခြောက်ပြောတဲ့အခါ – အပိုစာသားတွေ ထပ်ကာထပ်ကာထည့်ရင်း
ကျွန်တော်တို့ တည်ဆောက်နေတဲ့ မီးဖိုကြီးဟာ မီးမွှေးလို့ ရနေပြီလား။
ဒါမှမဟုတ်ခဲ့ရင်
ဘ၀မှာ ကျွန်တော်တို့ဟာ ဘာတွေကို တည်ဆောက်နေခဲ့ကြပါလိမ့်။
KoKTH
အကောင်းဆုံးကျောင်း (ဘာသာပြန် ၀တ္ထုတို)
မြို့ရဲ့ အကောင်းဆုံးကျောင်းလို့ နာမည်ကျော်ကြားတဲ့ ကျောင်းတကျောင်းမှာ ကလေးငယ်လေး တယောက် ကျောင်းတက်ခွင့်ရသွားပါတယ်။ ဒါကြောင့် ကျောင်းဖွင့်စ နံနက်ခင်းမှာ သူ့အဘိုးက မြေးလေးရဲ့ လက်ကိုဆွဲပြီး ကျောင်းသွားပို့ပါတယ်။ ကစားကွင်းထဲကို အဘိုးအိုနဲ့ မြေးလေး ရောက်သွားတော့ သူတို့ မြေးအဘိုး နှစ်ယောက် အနီးမှာ ကလေးတွေ ၀န်းရံလာတယ်။
‘ဘယ်လောက် ရယ်စရာကောင်းတဲ့ အဘိုးအိုကြီးလဲ’
ကလေးတယောက်က အော်ဟစ်ပြီး လှောင်ပြောင်တယ်။
‘ဟေ့၊ ဖက်တီး’
နောက်ကလေးတယောက်က ထပ်အော်ပြန်တယ်။
ကစားကွင်းထဲမှာ ရှိတဲ့ ကလေးတွေဟာ မြေးအဘိုးနှစ်ယောက်ကို လှောင်ပြောင်ရင်း ခုန်ပေါက် နေကြတယ်။ မကြာပါဘူး။ ခေါင်းလောင်းသံလဲကြားရော၊ ကလေးတွေအားလုံး စာသင်ခန်း ရှိရာကို ပြေးကြတော့တာပဲ။
အဘိုးအိုက မြေးလေးရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ ကျောင်းပြင်ကို ခေါ်ထွက် လာတယ်။
‘ကောင်းလိုက်တာ၊ ကျောင်းမသွားရတော့ဘူး’
မြေးလေးက ၀မ်းသာအားရ ပြောတယ်။
‘ကျောင်းသွားရမှာပါ၊ ဒါပေမယ့် ဒီကျောင်းတော့ မဟုတ်ဘူး’
အဘိုးအိုက ပြန်ပြောလိုက်တယ်။ ပြီးတော့
‘မြေးလေးတက်ရမယ့် ကျောင်းကို အဘိုးကိုယ်တိုင် ရှာမယ်’
အဘိုးအိုက ဆက်ပြောလိုက်ပြီး၊ မြေးလေးကို အိမ်ပြန်ခေါ်သွားတယ်။ အိမ်ရောက်တော့ မြေးလေးရဲ့ အဖွားကို ကလေးထိန်းခိုင်းပြီး၊ အဘိုးအိုက ကျောင်းရှာပုံတော် ဖွင့်တော့တယ်။
ကျောင်းတကျောင်းကို တွေ့တိုင်း ကစားကွင်းထဲကို သွားပြီး၊ ကလေးတွေ ကစားဆင်းလာမယ့် အချိန်ကို စောင့်ဆိုင်းတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေက အဘိုးအိုကို လုံးဝဂရုမစိုက်ကြဘူး။ တချို့ ကျောင်းတွေကျတော့ ကလေးတွေက အဘိုးအိုကို လှောင်ပြောင်ရယ်မောကြတယ်။ ဒီလိုတွေ့ကြုံရတဲ့ အခါတိုင်း အဘိုးအိုဟာ ၀မ်းနည်းစွာနဲ့ အိမ်ကို ပြန်သွားတတ်တယ်။
ဒီလိုနဲ့ တနေ့မှာတော့ ကျောင်းသေးသေးလေး တခုရဲ့ ကစားကွင်းလေးထဲကို အဘိုးအို ရောက်သွားတယ်။ အဘိုးအိုက ခြံစည်းရိုးမှာ ချိနဲ့မောပန်းဟန်နဲ့ မှီနေလိုက်တယ်။ ခေါင်းလောင်းထိုးသံ ထွက်လာတော့ ကလေးတွေက ကစားကွင်းထဲကို အပြေးအလွှား ရောက်လာပါလေရော။
‘အဘိုး၊ နေကောင်းရဲ့လား။ ရေတခွက် ယူလာပေးရမလား’
အသံတသံက ထွက်ပေါ်လာတယ်။
‘ကစားကွင်းထဲမှာ ခုံတန်းရှည်လေး ရှိတယ်။ လာထိုင်ပါလား’
နောက်ထပ် အသံတသံက ထွက်ပေါ်လာတယ်။
မကြာခင်မှာပဲ ဆရာတယောက် ကစားကွင်းထဲကို ရောက်လာတယ်။ အဘိုးအိုက ဆရာ့ကို နှုတ်ဆက်လိုက်ပြီး
‘မြေးလေးအတွက် အကောင်းဆုံး ကျောင်းကို ရှာတွေ့ပြီ’ လို့ ပြောလိုက်တယ်။
‘အဘိုးမှားနေပြီ။ ကျွန်တော်တို့ကျောင်းက အကောင်းဆုံး ကျောင်း မဟုတ်ပါဘူး။ အလွန်သေးငယ်တဲ့ ကျောင်းလေးတကျောင်းပါ’
ဆရာ့စကားကို အဘိုးအိုက ပြန်ပြီး မငြင်းတော့ပါဘူး။ မြေးလေးကို ကျောင်းအပ်ဖို့အရေးကို ဆရာနဲ့ စီစဉ်ပြီး၊ ပြန်ထွက်လာတယ်။
ညနေခင်းမှာ ကလေးရဲ့ အမေက အဘိုးအိုကို ပြောတယ်။
‘အဖေ။ အဖေက စာဖတ်တတ်တာလဲ မဟုတ်ဘူး။ အကောင်းဆုံးကျောင်းနဲ့ ဆရာကို ရှာတွေ့တယ်လို့ ဘယ်လိုသိသလဲ’
အဘိုးအို ပြန်ဖြေလိုက်တာက
‘ဆရာတယောက်ရဲ့ အရည်အချင်းကို ကျောင်းသားတွေနဲ့ အကဲဖြတ်ရတယ်’
မူရင်းစာရေးသူ- A.Lopatina and M.Skrebtsova (Wise Short Tales)
ဘာသာပြန်သူ- ခင်မမမျိုး (၁၄၊ ၄၊ ၂၀၁၁)
Wednesday, June 22, 2011
ရင်ခွင်
နွေးထွေးစေမယ်ဆိုလို့
ရင်ခွင်တစုံကို ခိုဝင်ခဲ့ဖူးပါတယ်။
ခုတော့ မိုးရေထဲမှာ
ငါ.............တယောက်တည်း။