THOUSANDS OF FREE BLOGGER TEMPLATES

Thursday, July 29, 2010

မင်းနဲ့ဝေးတော့


မင်းနဲ့ဝေးတော့ ကိုယ့်အခြေအနေ သိပ်ဆိုးပီ
ကိုယ်တယောက်ထဲ မဖြစ်နိုင်တာ မင်းသိလျက်နဲ့
မနေချင်ဘူး ချစ်သူလေး ကိုယ့်အနား မင်းမရှိရင်လေ 
စက္ကန့်တိုင်းက မလှပတော့ဘူး
တကယ်ဆို လောကကြီးထဲ တယောက်ထဲကိုယ် 
မပျော်နိုင်တဲ့ နေ့ညများ မင်းထားခဲ့လို့
ဘယ်လို ရင်ဆိုင်ကာကိုယ် ဖြေသိမ့်မလဲ
အချိန်ပြည့်ပဲ အလွမ်းတွေနဲ့
ကိုယ်ငိုကြွေးခဲ့ပါတယ် မင်းမှမသိပဲ
မင်းပေးခဲ့တဲ့ အလွမ်းဒဏ်ရာတွေပဲကိုယ်
အမြတ်တနိုး ထားမယ်နော် မေ့ဖို့ မဖြစ်လို့
မမျှော်လင့်ဘူးချစ်သူလေး ဒီလိုနဲ့ဝေးကြမယ်လို့
ကိုယ့်ဘ၀ ကိုယ့်အချစ် အားလုံးပျောက်ဆုံး
တကယ်ဆို လောကကြီးထဲ တယောက်ထဲကိုယ် 
မပျော်နိုင်တဲ့ နေ့ညများ မင်းထားခဲ့လို့
ဘယ်လို ရင်ဆိုင်ကာကိုယ် ဖြေသိမ့်မလဲ
အချိန်ပြည့်ပဲ အလွမ်းတွေနဲ့
ကိုယ်ငိုကြွေးခဲ့ပါတယ် မင်းမှမသိပဲ

No comments:

Post a Comment