THOUSANDS OF FREE BLOGGER TEMPLATES

Thursday, July 14, 2011

မေးလ်ထဲရောက်လာသော စာတစ်စောင်........

ကျွန်တော်တို့ဟာ ကွန်ပျူတာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ Programmer,
Software Developer, Network Engineer, Designer စတဲ့သူတွေ
မဟုတ်ခဲ့ရင်တောင် ကွန်ပျူတာနဲ့ မကင်းနိုင်ပါဘူး။ ဒီနေရာမှာ ကျွန်တော့်ကို
ကွန်ပျူတာနဲ့ အိုင်တီကို Self Study လုပ်ဖြစ်သွားစေတဲ့ အတွေးလေးတစ်ခုကို
ဝေမျှချင်ပါတယ်။

“ ပိုက်ဆံရှိရင် ကွန်ပျူတာ ၀ယ်လို့ရတယ်။
တနည်းအားဖြင့် ပိုက်ဆံရှိရင် ကွန်ပျူတာဆိုတာ ရှိနိုင်တယ်။
ဒါပေမဲ့ ပိုက်ဆံရှိတိုင်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။
ကွန်ပျူတာ ရှိတိုင်းလည်း ကွန်ပျူတာ သင်ပေးနိုင်တဲ့သူ မတွေ့နိုင်ဘူး။ မရှိနိုင်ဘူး။
ကွန်ပျူတာ ရှိတဲ့နေရာတိုင်းမှာ သင်ပေးနိုင်တဲ့သူ မရှိနိုင်ဘူး။
ကိုယ်လုပ်နိုင်သလောက် လေ့လာရင် လေ့လာသလောက် ကိုယ်ပြန်ရမယ်...”

ဒါဟာ ကျွန်တော့်ရဲ့ ပုဂ္ဂလိက ခံယူချက်ဖြစ်ပြီး အခွင့်သာတိုင်းလည်း
အခြားသူများကို ပြောပြခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ကွန်ပျူတာကို ထိတွေ့၊ သုံးစွဲ၊ လေ့လာနေဆဲ အတွေ့အကြုံများ၊
လေ့လာနည်းများကို အခြေခံပြီး "ကွန်ပျူတာကို ဘယ်လိုလေ့လာရမလဲ" (How to
Learn or Self Study about Computer and IT?) မေးခွန်းကို အခုလို
ကိုယ့်ဘာသာကိုယ် ပြန်ဖြေ ကြည့်ပါတယ်။ အောက်မှာ ဖော်ပြထားတာလေးတွေက
အတိုချုံးလေးတွေ ဖြစ်ပြီးတော့ အသေးစိပ်ကို နောင်မှာ ဆက်လက် ဝေမျှ
သွားမှာပါ။

Self-Studying - ကိုယ်တိုင် လေ့လာခြင်း
ကွန်ပျူတာကို အခြေအနေပေးရင် ပေးသလို၊ အဆင်ပြေရင် ပြေသလို၊ အရူးအမူး လေ့လာပါ။
ကွန်ပျူတာ အကြောင်းကို အမြဲတမ်း စိတ်ဝင်စားပါ။ (ချစ်သူရည်းစားကို
စိတ်ဝင်စားသလောက် ကွန်ပျူတာကို စိတ်ဝင်စားပါ။ သို့သော် ချစ်သူရည်းစားကို
ထည်လဲပြောင်းသလိုတော့ ကွန်ပျူတာကို ထည်လဲ မပြောင်းပါနှင့်။ -
အစပိုင်းတွင် Windows, Mac, Linux စသည့် OS တစ်ခုခုကို ရင်းနှီးအောင်
သုံးတတ်စေရန် ဆိုလိုပါသည်။)
ကွန်ပျူတာ ကိုင်ရသည် ဖြစ်စေ၊ မကိုင်ရသည် ဖြစ်စေ ကွန်ပျူတာနှင့်
ပတ်သက်သည်များကို လေ့လာနေပါ။ (အလွန်အရေးကြီးပါသည်။) ကိုယ့်ဘာသာကိုယ်
လေ့လာရတာ မလွယ်ပါ။ သို့သော် အလေ့အကျင့်ရသွားလျင်တော့ မခက်တော့ပါ။

IT Social Networking - အိုင်တီ အပေါင်းအသင်း မိတ်ဆွေများ
ကွန်ပျူတာကို မိမိကဲ့သို့ အရူးအမူး စိတ်ဝင်စားသူများနှင့် မိတ်ဆွေဖွဲ့ပါ။
ထိုမိတ်ဆွေများနှင့်အတူ မိမိ သိထားသည်များကို ဖောက်သည်ချ ဝေမျှပေးပြီး၊
မသိသေးသည်များကို မေးမြန်းပါ။
တစ်ပြိုင်တည်းမှာပင် မိမိအတွက် အသုံးဝင်သည့် နည်းလမ်းများ (Tips and
Tricks)၊ လေ့ကျင့်ရေး သင်ခန်းစာများ (Tutorials) နှင့်
အသုံးချဆော့ဖ်ဝဲများ (Application Software) ကို မှတ်သားခြင်း၊
စုဆောင်းထားခြင်းများ ပြုလုပ်ပါ။

Having Good Moral - စေတနာကောင်းထားပါ
အခြားသူများကိုလည်း ဖလှယ်ပါ။ ဝေမျှပါ။ (ကိုယ်ရသလို ကိုယ်သိသလို
သူများကိုလည်း သိစေချင်၊ ရစေချင်သည့် စေတနာကောင်းသည် လူတိုင်းတွင်
မရှိသည့်၊ လူတိုင်း ထားရှိ မွေးမြူသင့်သည့် စိတ်ဓါတ်ကောင်းတစ်ခု
ဖြစ်ပြီး၊ ကိုယ်တိုင် လေ့လာသင်ယူမှု (Self study) အတွက် နှင့်
ပတ်ဝန်းကျင်အတွက် အလွန်ပင် အထောက်အကူပြုလေသည်။)

Learning by Internet - အင်တာနက်မှ လေ့လာခြင်း
အင်တာနက် သုံးခွင့်ရသည့် နေရာတွင် အင်တာနက်ကို ရအောင်သုံးပါ။
အင်တာနက်သုံးရသည့် အချိန်တွင် မည်သည့် အကြောင်းအရာများကို လေ့လာမည်
ရှာဖွေမည်ကို - အင်တာနက် သုံးခွင့် မရသေးသည့် အချိန်များတွင် ကြိုတင်
ပြင်ဆင် မှတ်သားထားပါ။ သို့မှသာ အင်တာနက် တကယ် သုံးခွင့်ရသည့် အချိန်တွင်
ထိရောက်စွာ၊ အကျိုးရှိရှိ သုံးနိုင်မည်။

Using Search Engines - ရှာဖွေရေး ၀က်ဘ်ဆိုက်များကို သုံးခြင်း
Search Engine များကို သုံးတတ်အောင် လေ့လာပါ။ အင်တာနက်ထဲတွင်
လှိုင်းစီးနိုင်ရန် (Internet Surfing)၊ အချိန်တိုအတွင်း လိုရာခရီး
အမြန်ရောက်နိုင်ရန်အတွက် Search Engine များသည် တစ်ဦးချင်းစီ၏
အသုံးချနိုင်စွမ်းအပေါ် မူတည်ပြီး (လိပ်တစ်ကောင် ဖြစ်နိုင်သလို)
ဒုံးပျံတစ်စင်းကဲ့သို့လည်း လိုရာခရီးသို့ လျင်မြန်စွာရောက်ရှိစေရန်
ကူညီပေးနိုင်သည်။

Using Search Keywords Effectively - သော့ချက်စကားလုံးများကို ထိရောက်စွာ သုံးခြင်း
Search Keywords များကလည်း အင်တာနက်ထဲမှ လိုရာ သတင်းအချက်အလက်များကို
အမြန်ဆုံးရရှိစေရန် များစွာ အထောက်အပံ့ ဖြစ်စေသည်။
သော့ချက်စကားလုံးများကို မှန်ကန်စွာ သုံးတတ်မှ အင်တာနက်တွင် ရှာဖွေမှု
မြန်ဆန်မည် ဖြစ်သည်။

Participating at Internet Forums
အင်တာနက် စကားဝိုင်းများ (Internet Forums) မှတဆင့် အခြားသူများ
ကြုံနေရသည့် အခက်အခဲများ ပြဿနာများကို ကြိုတင်လေ့လာ သိရှိထားနိုင်သည်။
မိမိတို့၏ ပြဿနာများကို အများသို့ ဝေမျှ အသိပေး အကူအညီတောင်းနိုင်သည်။
ထို့ထက် အဆင့်မြင့်လာပါက ကိုယ်တိုင် ဦးဆောင်ပါဝင် ဆွေးနွေးလာနိုင်မည်။

Wikipedia - အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း
အခမဲ့ အွန်လိုင်း စွယ်စုံကျမ်း (Wikipedia) ကို အင်တာနက်သုံးသူတိုင်း
လက်မလွှတ်သင့်ပါ။ တခါတရံ မသိသေးသည့် အကြောင်းအရာသစ် တစ်ခုကို
စတင်လေ့လာရတော့မည့် အခါတွင် ဘယ်ကစလေ့လာရမှန်း မသိ၊ ဘယ်လို
ဝက်ဘ်ဆိုက်တွေမှာ သွားကြည့်ရမည်ကို မသိသေးလျင် ၀ီကီပီဒီယ မှာ
အရင်သွားကြည့်ပြီးမှ ဆက်လုပ်လို့ အဆင်ပြေသည်များ ကြုံဖူးပါသည်။

Reading by RSS - RSS ဖြင့် စာဖတ်ပါ
ကျွန်တော်တို့ သွားချင်သည့်၊ စိတ်ဝင်စားသည့် ၀က်ဘ်ဆိုက်ပေါင်း 30 ရှိပြီး
အင်တာနက်သုံးခွင့်ရသည့် အချိန်နှင့်ငွေကြေးအင်အားက တစ်နေ့လျင်
တစ်နာရီစာသာ အခွင့်အရေးရသည်ဆိုပါစို့။ ထိုအခြေအနေအတွက်
ထိုဝက်ဘ်ဆိုက်ပေါင်း 30 သို့ တစ်ခုချင်းစီ သွားဖတ်နေမည့်အစား
၎င်းဆိုက်များမှ ပေးထားသည့် RSS Feed များကို နှစ်သက်ရာ RSS Reader
(Google Reader, Great News Portable RSS Reader, etc) ဖြင့် ဖတ်ရှုခြင်းက
အချိန်နှင့်ငွေကြေးကို အထိရောက်ဆုံးကို အသုံးချရာရောက်သည့် အပြင်
စိတ်ရောလူရော လွယ်ကူ သက်သာစေသည်။

Learning at Training Schools - သင်တန်းများ တက်ခြင်း
သင်တန်းတက်နိုင်လျင်၊ သင်တန်း တက်ခွင့်ကြုံလျင် သင်တန်းတက်ပါ။ တခါတရံတွင်
ကိုယ်တိုင်အကြာကြီး လေ့လာမှ သိရမည့် အရာများကို သင်တန်းများတွင်
မိနစ်ပိုင်းလောက်မျှနှင့် သိရှိနားလည်သွားနိုင်သည်။ KMD မှာ Basic
Networking တစ်ခု တက်ဖူးပါတယ်... အဲဒါကလည်း အမှန်အတိုင်းပြောရရင်တော့
Cabling ကို သိချင်လို့ပါ။ RJ-45 ခေါင်းနဲ့ Cat-5 ကြိုးတွေ ချိတ်ဆက်တာကို
စာဖတ်ကြည့်ရုံနဲ့ မရ လက်တွေ့လည်း သိမှ ဖြစ်တော့မှာမို့ သွားတက်ဖြစ်တာ။
သင်တန်းတိုင်း မကောင်းနိုင်ပေမဲ့ တက်ဖြစ်တဲ့ သင်တန်းမှန်သမျှမှာ ရသမျှ
အရင်းအမြစ်တွေ ကို ထိရောက်အောင် သုံးနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါမှ
သင်တန်း တက်ရကျိုး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းရကျိုးတွေ နပ်မှာပါ။
သင်တန်းမှ သင်ရိုးများ၊ လေ့ကျင့်ခန်းများ၊ နည်းပြ ဆရာ/ဆရာမများ၊
အတူတက်နေသူများဟာ အကောင်းဆုံး အရင်းအမြစ်တွေပါပဲ။

Using OSF (Open Source Free) Softwares - အခမဲ့ရသည့် အပွင့်ဆော့ဖ်ဝဲများကို သုံးပါ
နိုင်ငံတကာတွင် သွားရောက် အလုပ်လုပ်ရန်၊ သို့မဟုတ်
နိုင်ငံခြားသားများနှင့် ယှဉ်တွဲ အလုပ်လုပ်ရန်၊ သို့မဟုတ် လိပ်ပြာသန့်စွာ
၊ ဘေးရန်ကင်းစွာ နေထိုင်နိုင်ရန်အတွက် အလကား ရသည့်ဆော့ဖ်ဝဲမှန်သမျှကို
သုံးခြင်းထက်၊ အလကားရသည့် အပွင့်ဆော့ဖ်ဝဲများ (ကျွန်တော်က Open Source
Free (OSF) Software များဟု ကိုယ့်ဘာသာ အမည်ပေးထားသည်။) ကို
ထိထိရောက်ရောက် အသုံးချနိုင်စေရန် ကြိုးစားပါ။

ကိုယ်တိုင်လေ့လာရတယ်ဆိုတာ ခရီးကြမ်းတစ်ခုပါ။ မလွယ်ပါဘူး။ လူတိုင်းလည်း
ရေရှည် မလျောက်နိုင်ပါဘူး။ ဒါပေမဲ့ လူတိုင်း၊ အထူးသဖြင့် ဘ၀မှာ ပညာကို
ချစ်ခင် မြတ်နိုးသူတိုင်း တစ်ခုခုကို ကိုယ်တိုင်လေ့လာကြည့်ဖို့
ကြိုးစားသင့်ကြပါတယ်...။ ရလာတဲ့ မြင်ရတဲ့ အကျိုးဆက်တွေ၊ မမြင်ရတဲ့
အကျိုးဆက်တွေကိုတော့ ဘာသာရပ်တစ်ခုခုကို ကိုယ်တိုင်လေ့လာ
သင်ယူလေ့ကျင့်ဖူးသူတိုင်း ခံစားနားလည် သိရှိနိုင်မှာပါ...

စာဖတ်နေတဲ့ ချစ်မိတ်ဆွေရော ဘ၀မှာ ဘယ်လို Self Study လုပ်ခဲ့ဖူးလဲ ...
အများအတွက် ဝေမျှ ဆွေးနွေးသွားစေချင်ပါတယ် ....

ယခုမှ ကွန်ပြူတာကို စတင် လေ့လာမည့်သူများအတွက် RSS ဆိုတာဘာလည်းးး ဆိုတာ
...အသေးစိတ်မဟုတ်တောင် အကြမ်းဖျဉ်းလောက်တော့ ပြန်လည် ရှင်းပြပေးထားလို
့RSS အကြောင်း သိချင်ရင် လေ့လာလို့ ရပါတယ် ခင်ဗျာ .. ။

Online Forum တစ်ခုမှ ကူးယူဖော်ပြပါသည် ။

Tuesday, July 12, 2011

မုန်းသည်....... By Docer Grade

ကိုယ့်ကိုကိုယ်
ဆုံးမရ ခက်လို့
လောကပါလ တရားတိုင်းကို
မုန်းတယ်
မပြင်ဆင်ရဘဲနဲ့
ဖြစ်တည်လာတတ်တဲ့
သေခြင်းတရားကိုလည်း
မုန်းတယ်
အနတ္တလို့ ပြောနေရက်နဲ့
ဖက်တွယ်ချင်တဲ့
အတ္တကိုမုန်းတယ်
ရင်ကွဲပက်လက်ဖြစ်လာတိုင်း
ကဗျားရေးတတ်တဲ့
ငါ့အကျင့်ကိုမုန်းတယ်
ငါ့ခံစားချက်ကို
သူတပါးကိုဖွင့်ပြဖြစ်တဲ့
ဒီကဗျာကိုလည်း
မုန်းးးးးးးးးးးးးးးးးးးးးးးးးးးးးးတယ်ယ်ယ်..............

ဘာမှသိပ်မသိပေမယ့် ဘာမှမသိတဲ့သူအနေနဲ့ပဲ စကားနည်းနည်းများပါရစေ။

အိမ်က အမေကို အဖေါ်လုပ်ပြီး ကိုရီးယားဇာတ်လမ်းတွဲတစ်ချို့ ကြည့်ပေးရာကနေ .. သတိထားမိတာက ဟိုးအရင် အွန်စော၊ ဂျွန်စောဇာတ်လမ်းကစလို့ အခုပြနေတဲ့ဇာတ်လမ်းတွေမှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတွေချည်းပဲ တော်တော်များပါတယ်၊ တစ်ချို့တွေများ သုံးပွင့်တောင်မကဘူး .. kiss me quick ပန်းတွေ အစုလိုက်ပွင့်နေသလိုကို ဆိုင်နေကြတာ (တစ်နည်းအားဖြင့် အရှုပ်တော်ပုံပေါ့) .. ကိုရီးယားတွေ ဘယ်နှစ်ပွင့်ဆိုင်ဆိုင်၊ သူတို့ရဲ့ တကယ့်ယဉ်ကျေးမှု ဟုတ်ဟုတ် မဟုတ်ဟုတ်၊ သူတို့ရဲ့ အနုပညာဖန်တီးမှုကို မဝေဖန်ပါ .. ကျွန်မ နားလဲမလည်ပါ .. Fashion Design တွေ လေ့လာရတဲ့အတွက် အလှအပကြိုက်တဲ့ကျွန်မတို့ကတော့ ကြိုက်ပါတယ် ..



အခုဆိုရင် ကျွန်မတို့ဆီက အမျိုးသမီးတွေ၊ ဆယ်ကျော်သက်တွေ၊ ကလေးတွေနဲ့ အမျိုးသားအချို့အပါအ၀င်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာထဲမှာ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်ချိန်ကလဲ ပုံမှန် occupy လုပ်ထားနေပါပြီ .. ကျွန်မပြောချင်တာက ဒီလို အပွင့်ခပ်များများဆိုင်နေတဲ့ဇာတ်လမ်းတွေကို ဘယ်လိုဖြစ်လို့ တီဗွီအစီအစဉ်အနေနဲ့ လွှင့်ပေးနေမှန်း နားမလည်နိုင်တာပါ (တာဝန်ခံသူများ သတိမထားမိတာလဲ ဖြစ်နိုင်ပါတယ်) .. လူပျိုလူလွတ်တွေ သုံးပွင့်ဆိုင်ဇာတ်လမ်းဆိုရင် လက်ခံနိုင်စရာရှိပေမယ့် .. အခုနောက်ပိုင်း အိမ်ထောင်သည်တွေနဲ့ သုံးပွင့်လေးပွင့်တွေဆိုင်တဲ့ ဇာတ်လမ်းတွေကို မြင်နေရပါတယ် .. အဲဒီမှာ နည်းလမ်းမမှန်တဲ့သူက ပညာသားပါပါနဲ့ ကိုယ့်အိမ်သူ၊ ကိုယ့်အိမ်သားကို ညာပြောတဲ့စကားတွေ အများကြီးပါပါတယ် .. လိမ်ညာနည်းလေ့လာချင်သူများအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်နေမှာပါ။



တစ်နေ့က ကျွန်မအမေအပြင်က ပြန်လာတော့ ထူးထူးဆန်းဆန်းစကားတစ်ချို့ ပြောလာပါတယ် .. သူများအတွက် မထူးဆန်းချင် မထူးဆန်းနိုင်ပေမယ့် ကျွန်မအတွက် ထူးဆန်းပါတယ် .. “သမီးရယ် .. လမ်းမှာ အမေ့ရှေ့မှာ ဆယ်ကျော်သက်ကောင်မလေးသုံးယောက် လမ်းလျှောက်သွားရင်းနဲ့စကားပြောနေကြတာ .. စိတ်ညစ်စရာတွေ” တဲ့ .. ကျွန်မက ဘာတွေပြောနေလို့လဲလို့ မေးကြည့်တော့ ..

ကောင်မလေး (၁) ဟဲ့ နင့်ဘဲကြီး နင့်ကို လာကြိုမှာလား ..

ကောင်မလေး (၂) အင်း လာကြိုမှာလေ .. ကျူရှင်ကပြန်တိုင်း သူလာကြိုနေကြပဲ ..

ကောင်မလေး (၃) ဟဲ့ အဲဒီဘဲကြီးက မိန်းမရှိတယ်ဆို? ကလေးလဲ ရှိတယ်တဲ့ ..

ကောင်မလေး (၂) ဘာဖြစ်လဲ .. ကိုရီးယားကားထဲကလိုပေါ့ ..

ကျွန်မအမေကို ဘာက စိတ်ညစ်စေမှန်း ကျွန်မ သေချာခံစားလို့ရပါတယ် .. ဒီကလေးမတွေရဲ့ family background နဲ့ လက်ရှိအနေအထားကို ကျွန်မတို့ မသိနိုင်ပါ .. တစ်နေရာရာမှာ တစ်ခု (သို့မဟုတ်) တစ်ခုမကတော့ မှားနေတာ သေချာပါတယ် .. ဒါပေမယ့် ကျွန်မသိရသလောက်ဆိုရင် အခုနောက်ပိုင်း (အခုနောက်ပိုင်း) မြန်မာလူမျိုးတွေဟာ အင်မတန် influence လုပ်ရတာလွယ်တဲ့အထဲမှာပါနေပါတယ် .. ဒီနေရာမှာ Media ဆိုတာကလဲ လူတွေကို influence လုပ်တဲ့နေရာမှာ တော်တော်ကြီးကို အရှိန်ပြင်းပါတယ် .. လူတော်တော်များများရဲ့ အတွေးအခေါ်ကို ပြောင်းလဲပစ်နိုင်တာကလဲ Media ပဲဖြစ်ပါတယ် .. ဒါပေမယ့် ၅၀၀ ကျပ်တန် ဂျာနယ်တစ်စောင်ကို ပုံမှန်ဝယ်ဖတ်ဖြစ်ချင်မှ ဖတ်မယ် .. ကိုရီးယားဇာတ်လမ်းတွဲတော့ ပုံမှန်ကြည့်နေကြတဲ့ အခုလို အချိန်အခါမှာ .. ကျွန်မတို့ကလေးတွေအတွက် သူတို့ဘာကို ကြည့်နေသလဲ .. ဘာကိုလေ့လာနေသလဲဆိုတာ အင်မတန်မှ အရေးကြီးပါတယ် .. ကောင်းတာကိုပဲ လေ့လာမိရင်တော့ အကောင်းဆုံးပေါ့ .. (ကလေးတွေမှမဟုတ်ပါ .. အားလုံးသော ကိုရီးယားဇာတ်လမ်းတွဲကြည့်သူများ၊ အားကျသူများ အပါအ၀င်ဖြစ်ပါတယ်) .. ကျွန်မနဲ့ နီးစပ်ရာလူတစ်ချို့ကိုလဲ မေးကြည့်ပါတယ် .. သူတို့ကလဲ “စိတ်ပျက်စရာပဲ၊ ဒါတွေက မြန်မာနိုင်ငံကလူတွေရဲ့ character ကို တစ်နည်းနည်းနဲ့ influence အများကြီးဖြစ်နိုင်တယ်” လို့ ပြောကြပါတယ် .. ဘာမှ မလေ့လာဘူး ဇာတ်လမ်းပဲ ကြည့်လိုက်တယ်ဆိုတဲ့လူမျိုးတွေအတွက် လုံးဝ စိတ်မပူပါ .. ဒါပေမယ့် အဲဒီလိုမဟုတ်ပဲ တချို့လူတွေအနေအထားက သူတို့ဘာလေ့လာမိနေသလဲတောင် မသိ(နိုင်)ကြတဲ့ အနေအထားမှာ နည်းနည်းလောက် အဲဒီအစီအစဉ်ကို ပိုဂရုစိုက်ပေးရင် ပိုကောင်းပါလိမ့်မယ် .. ဘာမှသိပ်မသိပေမယ့် ဘာမှမသိတဲ့သူအနေနဲ့ပဲ စကားနည်းနည်းများပါရစေ။



မှတ်ချက်။ မကြည့်ချင် တီဗွီပိတ်ထားပေါ့ဆိုပြီးလဲ ပေါ့ပျက်ပျက်အကြံပေးလို့ရပါတယ်။


With love,

Anna Deborah

နင်.....လုပ်ရက်တယ်။

ငါဟာ ခံစားလွယ်သူ
ရူးသွပ်သူ ဆိုတာ နားလည်ရဲ့ သိလျက်သားနဲ့
နင်မုသားတွေ သုံးရက်တယ်။

ငါဟာ ယုံလွယ်တယ်
ခံစားချက်ပျော့ပြောင်းသူ ဆိုတာကို နင်သိလျက်နဲ့
ငါ့ကို ညာရက်တယ်။

ငါဟာ အချစ်နဲ့ပတ်သတ်ပြီး
တခါသေဖူးသူဆိုတာ သိလျက်နဲ့
နင် ငါ့ကို လှည့်စားရက်ပြန်တယ်။

ပျော်ရွှင်ခဲ့ ရတဲ့ နေ့တွေ အိပ်မက်တခုလိုေ၀၀ါးသွားခဲ့ တယ်
မမျှော်လင့်တဲ့ ဟန်ဆောင်မှုတွေနဲ့ နင်လုပ်ရက်မယ် ငါမတွေးခဲ့ဘူး
အဝေးက ၀ိုးတ၀ါး ကောင်းကင်ကို လက်လှမ်းဖို့ ကြိုးစားခဲ့တဲ့ ငါအမှားပဲ
နင့်ရဲ့ အနားကို လာဖို့ အတွက် ပေးဆပ်ခဲ့တဲ့ မာန သိက္ခာတွေ အလကားပဲ
အဲဒီအရာတွေဟာ ပေးဆပ်လိုက်ပြီးရင် ဘယ်တော့မှအကောင်းအတိုင်း မဖြစ်နိုင်တော့ဘူးဆိုတာ နင်သိတယ်။

ဘာတဲ့ .........ရင်ဘတ်တဲ့ ဟုတ်လား။
ဘာတဲ့ ........အရောင်မရှိတဲ့ တိမ်ဟုတ်လား..။
သွားစမ်းပါကွာ အပေါစား ရင်ခုန်သံအတုတွေကို ထားခဲ့ လိုက်ပါတော့။

Tuesday, July 5, 2011

အင်တာနက် နှင့် ဘလော့ (စမ်းချောင်းဂျာနယ်မှ ကူးယူသည်။)

Blog ဆိုတာ Web Log ကနေ စတင်ခဲ့ပါတယ်။
Web ဆိုတာ Internet ကို ရည်ညွှန်းပြီး။
Log ဆိုတာ မှတ်တမ်း ကို ရည်ညွှန်းပါတယ်။

Internet ပေါ်မှာ မိမိရဲ့ အတွေ့ အကြုံ များ။ ခံစားချက်များ စသည်တို့ ကို မှတ်တမ်းတင်ထားပြီး မည်သူမဆို (ဒါမှ မဟုတ် – သတ်မှတ်ထားသောသူများကို) မျှဝေပးဖို့ ရည်ရွယ်ပြီး Blog တွေ စတင် ခေတ်စားလာပါတယ်။

အဲဒီမှာ အငြင်းပွားစရာ မေးခွန်းတွေ ဖြစ်လာပါတယ်။

စာရွက်ပေါ်မှာ မှတ်တမ်းရေးတာနဲ့ Internet အပေါ်မှာ မှတ်တမ်းရေးတာ ဘာကွာခြားလဲ။
ဘယ်လို အကြောင်းအရာတို့ ကို စာရွက်ပေါ်မှာ မှတ်တမ်းထားပြီး။ ဘယ်လို အကြောင်းအ၇ာကို မှတ်တမ်းရေးရမလဲ။

ကျွန်တော် အဖြေကတော့ ရှင်းရှင်းလေးပါ။
Internet အပေါ်မှာ မှတ်တမ်းထားရှိတဲ့အခါ – ပိုမို စနစ်ကျပါတယ်။ မိမိ လိုချင်သော အကြောင်းအရာကို ရှာဖွေရတာ လွယ်ပါတယ်။ နောက် သူငယ်ချင်းမိတ်ဆွေတွေကို မျှဝေချင်သလား။ မိနစ်ပိုင်းအတွင်း မျှဝေလို့ ရပါတယ်။

စာရွက်ပေါ်မှာေ၇းထားတာ -မိမိ လိုချင်သော အကြောင်းအရာကို ရှာဖွေတဲ့အခါ – ခက်ခဲစွာရှာဖွေရပါတယ်။
နောက် သူငယ်ချင်းမိတ်ဆွေတွေကို မျှဝေချင်သလား။ အနည်းဆုံးတော့ မိတ္တူကူးပေးရပါလိမ့်မယ်။

ဒါကြောင့် – စနစ်တကျ မှတ်တမ်းထားလိုပါသလား – blog ရေးပါ။
မျှဝေပေးဖို့ ဆန္ဒမရှိဘူးလား။ ဒါလည်း ဖြစ်ပါတယ် -မိမိ မှလွဲပြီးတခြားသူတွေ ဖတ်လို့ မရအောင် ပိတ်ထားလို့ ၇ပါတယ်။
တချိန်ချိန်မှာ မျှဝေပေးချင်ပါသလား- ပိတ်ထားတာကို ဖွင့်လိုက်ရုံပါပဲ။
နောက်တခုက မိမိမှတ်တမ်းများကို Internet ပေါ်မှာ ထားတဲ့အတွက် Internet ရှိသော မည်သည့် နေရာတွင်မဆို အသုံးပြုလို့ ၇ပါတယ်။ နေရာ ကန့် သတ်ချက် မရှိတော့ပါဘူး။

အလွန်အရေးကြိးသော မှတ်တမ်းများတော့ blog မလုပ်ပါနဲ့ ။ ဥပမာ – ရည်းစားစာ၊ အကြွေးစာရင်း၊ ရည်းစားဟောင်းမှတ်တမ်း။

Blog တစ်ခု စတင်ေ၇းဖို့  ခက်ခဲသလား။ Microsoft Word တို့ လို သင်တန်းတက်ပြီးမှ ရေးလို့ ရတာလား။
အခု အချိန်မှာ Blog တစ်ခု စတင်ဖန်တီးရတာ လွယ်ကူလာပါပြီ။ ငွေကြေးကုန်ကျမှုလည်း မရှိပါ။

Blog အလွယ်တကူရေးလို့ ရအောင် လုပ်ပေးတဲ့ Engine တွေ ပေါ်ထွက်လာပါပြီ။
www.blogger.com – Google က ပိုင်ဆိုင်တာပါ။ Gmail Account ရှိရင် စသုံးလို့ ရပါပြီ။ စိတ်မကောင်းစရာ ပြောရရင် မြန်မာပြည်မှာ ပိတ်ပင်ထားဆီးထားပါတယ်။
www.wordpress.com – သူကတော့ ကျွန်တော့်အကြိုက်ပါပဲ။ ဘာကြောင့် ကြိုက်တာလဲ ဆိုတာကို နောက်ပိုင်းမှာ သီးသန့် ရှင်းပြပါမည်။
တခြားသော Blog Engine Platform တွေ များစွာရှိနေပါပြီ။
မိမိနှင့်သင့်တော်ရာ platform ကိုရွေးပါ။
Account ဖွင့်ပါ။ နံမည် လှလှ ရွေးပါ။ အဲဒီနောက် Microsoft Word မှာ စာရိုက်သလို့ စာရိုက်ပြီး မိမိရဲ့  Blog ကို ဖန်တီးလို့ ရပါတယ်။
မြန်မာလို ရိုက်ချင်ရင်လည်း ရပါတယ်၊ တချို့ နေရာတွေမှာတော့ သိနားလည်သူကို မေးမြန်းဖို့ လိုပါလိမ့်မယ်။

Blog တွေကို ဘယ်လိုလူတွေက ရေးသလဲ။
ထင်ရှား ကျော်ကြားတဲ့သူတွေ မှာ Blog ရှိပါတယ်။
သူတို့  ဘာလုပ်နေတဲ့အကြောင်း။ အများပြည်သူကို အသိပေးလိုတဲ့အကြောင်းတွေကို သူတို့ ရဲ့ Blog မှာ ရေးပါတယ်။
နောက် စာရေးရတာ ၀ါသနာပါသူတွေ Blog ရေးပါတယ်။

Blog ရေးသူကို Blogger လို့ ခေါ်ပါတယ်။

Blog အကြောင်း ပြောပြီးတော့
Blog နဲ့  Web Site တွေနဲ့  ဘယ်လို ကွာခြားသလဲ။
Blog ကတော့ ရေးသားမှုတွေကို- နေ့ စွဲနဲ့  အစီအစဉ်တည်ဆောက်ထားပါတယ်။
ဒီနေ့ ရေးတာ အရင်ဖော်ပြထားပြီး မနေ့ ကရေးထားတာ၊ အရင်လတုန်းက ရေးထားတာ နောက်မှာဖော်ပြထားပါတယ်။ ဒိုင်ယာရီ ဆန်ဆန် ဖြစ်ပါတယ်။
Web Site ကတော့ – အကြောင်းအရာနဲ့  စီစဉ်ထားတာပါ။ တူရာတူရာ အကြောင်းအရာတွေ စုပြီး menu ပုံစံနဲ့  စုစည်းဖော်ပြထားပါတယ်။

မြန်မာလူမျိုးတွေထဲမှာ Blog ရေးပြီး ထင်ရှားလာသူတွေ အများကြီးရှိပါတယ်။
ကျွန်တော်သိရသလောက် ပြောရရင်-
တစ်ဦးချင်း ရေးတဲ့ သူတွေမှာ -
နိုင်းနိုင်းစနေ (http://www.99sanay.com/) သူကတော့ အမျိုးသမီးပါ။ စိတ်ဓာတ်ခွန်အားပေးတဲ့ အကြောင်းအရာတွေ အများဆုံးရေးပါတယ်။
ညီလင်းဆက် (http://blog.nyilynnseck.com/) သူကတော့ အမျိုးသားပါ။ ကွန်ပျူတာ နည်းပညာအကြောင်းနဲ့  မြန်မာစာ အကြောင်း အများဆုံးရေးပါတယ်။
စေတန် (http://www.saturngod.net/) သူကတော့ အမျိုးသားပါ။ ကွန်ပျူတာ နည်းပညာအကြောင်းကို ပင်တိုင် ရေးပါတယ်။

တချို့ Blog တွေကတော့ အုပ်စု စုပြီး ရေးတဲ့ Blog တွေပါ။ ၀ါသနာတူရာတွေ စုပြီး ရေးထားတာပါ။
http://www.myanmartutorials.com/

Blog နဲ့ ပတ်သတ်ပြီး အကူအညီပေးနေတဲ့ နေရာတွေလည်း ရှိနေပါတယ်။
http://mmbloggershelpdesk.blogspot.com/
http://mmwordpress.com/

အခြားခြားသော Blog ရေးပြိး ထင်ရှားသူတွေ၊ ထင်ရှားတဲ့ အုပ်စုတွေ အများကြီးရှိနေပါပြီ။
သူတို့ တွေအားလုံးမှာ တူညီတဲ့ အချက်တစ်ခု ရှိပါတယ်- မျှဝေပေးဖို့ ပါပဲ။
သင့် မျှဝေပေးဖို့  ဆန္ဒရှိပါသလား။
သင့်မှာ မျှဝေပေးဖို့  အကြောင်းအရာ ရှိပါသလား။
Blog ရေးပါ။

I'll always remember you.(Hannah Montana)

I'll always remember you.